ဇာတ်ကားများ ရွေးရန်

Life Hack

2025ဇာတ်ကားWeb-dl 1080p

ယနေ့ခေတ် ကမ္ဘာကြီးရဲ့ အကြီးမားဆုံး ခြိမ်းခြောက်မှုကတော့ ဆိုက်ဘာ လုံခြုံရေးပဲ ဖြစ်ပါတယ်။ ကလေးကနေ အဘိုးအဘွားအရွယ်အထိ လူတိုင်း ဖုန်းတစ်လုံးနဲ့ ဆိုရှယ်မီဒီယာ သုံးနေတဲ့ ဒီနေ့ခေတ်ဟာ ကောင်းကျိုးတွေ အမြောက်အမြား ရှိသလို အမြတ်ထုတ်ချင်နေတဲ့ လူလိမ်တွေရဲ့ ရန်ကလည်း လက်တစ်ကမ်းအကွာမှာပါပဲ။ ပို့စ် တစ်ခု တင်လိုက်တာ၊ website တစ်ခုကို ဝင်လိုက်တာ၊ Link တစ်ခုကို မတော်တဆ နှိပ်မိတာ အားလုံးဟာ ကိုယ့်ရဲ့ digital footprint တစ်ခု ဖြစ်လာပြီး ကိုယ့်အိမ်ဆီကို ဓားပြကို လမ်းပြနေသလိုပါပဲ။ ဒီဇာတ်ကားထဲက ကိုင်လ်တို့ သူငယ်ချင်း ၄ ယောက်ကလည်း စပ်စပ်စုစု ဟက်ကာ ပေါက်စလေးတွေပါ။ တစ်နေ့မှာတော့ အဖွဲ့ရဲ့ ဦးခေါင်းဖြစ်တဲ့ ကိုင်လ် တစ်ယောက် မီလီယံနာတစ်ယောက်ရဲ့ crypto wallet တစ်ခုကို ဟက်ဖို့ အကြံရပြီး သူ့ရဲ့၊သူ့မိသားစုရဲ့ digital footprint တွေကို ရှာဖွေ ပါတော့တယ်။ ကံတရားက ကိုင်လ်တို့ သူငယ်ချင်း တစ်စုကို မျက်နှာသာ ပေးခဲ့တာကြောင့် အောင်မြင်သွားခဲ့ပြီး တခြားသူတွေဆီကိုလည်း လိုက်ဟက်ပြီး ပိုက်ဆံ ရှာကြပါတော့တယ်။ ဒါပေမဲ့ မြင်းကောင်းတောင် ခွာလိပ်တတ်သေးတာ သူများကို ခြေရာကောက်ရင်း ကိုင်လ်တစ်ယောက်လည်း ခြေရာကျန်ခဲ့တာကြောင့် အမိခံလိုက်ရပြီး ခြိမ်းခြောက် အကြပ်ကိုင်ခံလိုက်ရပါတော့တယ်။ မုဆိုးကနေ သားကောင် ပြန်ဖြစ်သွားရတာပါပဲ။ ကိုင်လ်တို့ အဖွဲ့လည်း ခြိမ်းခြောက် အကြပ်ကိုင်ခံရတာကြောင့် ဒေါ်လာ ၂၅ သန်းကို ခိုးယူဖို့ အစီအစဉ် ချပေးရတဲ့အခါမှာတော့... ဉာဏ်ကြီးရှင် ကလေးတစ်သိုက်က တကယ်ပဲ ဘယ်လိုများ လုပ်ဆောင် သွားမလဲ? ကိုယ့်လက်ထဲက ကိုယ့်ရဲ့ အကောင်းဆုံး သူငယ်ချင်း၊ မိတ်ဆွေဖြစ်တဲ့ ဖုန်းတွေ၊ လက်ပ်တော့တွေကနေ ဘယ်လို အန္တရာယ်တွေ ကြုံလာနိုင်လဲဆိုတာ သိထားသင့်လို့ လူတိုင်း တစ်ခေါက်တော့ မဖြစ်မနေကြည့်သင့်တဲ့ ဒီရင်ခုန် စိတ်လှုပ်ရှားဖွယ် အပြည့်နဲ့ဟက်ကာ ပညာပေး ကားလေးကို အခုပဲ တင်ဆက်ပေးလိုက်ရပါတယ်။ ပရိသတ်ကြီး ကိုယ်တိုင်လည်း မသိလိုက်ဘဲ ကိုယ့်ရဲ့ ခြေရာတွေ အွန်လိုင်းတခွင် ဘယ်လောက်တောင် ချန်ထားမိနေခဲ့ပြီလဲ?

ဇာတ်လမ်းအကြောင်း