ဇာတ်ကားများ ရွေးရန်

Burning Blood or Hot Blood Burning

2024ဇာတ်ကားBlu-ray 1080p

ဒီတစ်ခေါက်မှာတော့ အက်ရှင်၊ မှုခင်းနဲ့ စုံထောက်ဇာတ်ကားတွေကို နှစ်သက်သူတွေအတွက် ဒါရိုက်တာWilson Chinရိုက်ကူးထားတဲ့ "Burning Blood 2024" ဆိုတဲ့ ဟောင်ကောင်မှုခင်းကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်နော်။ ဇာတ်လမ်းအညွှန်း "ရန်သူနဲ့ရင်ဆိုင်ရတာထက် ယုံကြည်ရတဲ့လူကို သံသယဝင်ရတာက ပိုနာကျင်ရတယ်" ရွှေတြိဂံဒေသရှိ မူးယစ်ရာဇာဂိုဏ်းကြီးတစ်ခုကို ဖြိုခွင်းရန်စီစဉ်ထားတဲ့ အထူးရဲတပ်ဖွဲ့ရဲ့ လျှို့ဝှက်စစ်ဆင်ရေးဟာ သတင်းပေါက်ကြားသွားတာကြောင့် စစ်ဆင်ရေးကျရှုံးသွားပြီး တပ်ဖွဲ့ဝင်အများအပြား သေဆုံးဒဏ်ရာရကာ အထူးတပ်ဖွဲ့တစ်ဖွဲ့လုံးအကျပ်အတည်းထဲကျရောက်သွားခဲ့ရပါတယ်။ဒီဖြစ်ရပ်ရဲ့ နောက်ကွယ်မှာအထူးတပ်ဖွဲ့အတွင်းက သစ္စာဖောက်တစ်ယောက်ရှိနေတယ်ဆိုတာသိရှိခဲ့ရပြီး အသက်ရှင်ကျန်ရစ်သူတပ်ဖွဲ့ဝင်တွေဟာ အမှန်တရားကိုဖော်ထုတ်ကာ တရားခံအစစ်ကိုရှာဖွေရန်အသက်စွန့်တိုက်ပွဲဝင်ကြရပါတော့တယ်။ထိုကိစ္စကို ရှာဖွေဖော်ထုတ်နေစဉ်အတွင်းမှာ သူတို့ဟာ ရာဇဝတ်ဂိုဏ်းတွေကိုတင်ရင်ဆိုင်နေကြရတာမဟုတ်ဘဲ အဖွဲ့အတွင်းရှိ သစ္စာဖောက်ကိုဖော်ထုတ်နိုင်ရန်အတွက် ကိုယ့်ရဲ့အယုံကြည်ဆုံးလူတွေကိုပါ သံသယဝင်ရတဲ့အခြေအနေထိဖြစ်လာခဲ့ပါတော့တယ်။အဆုံးမှာတော့ သူတို့ဟာ အထူးတပ်ဖွဲ့အတွင်းက သစ္စာဖောက်ကိုဖော်ထုတ်ပြီး မူးယစ်ရာဇာဂိုဏ်ကို ချေမှုန်းနိုင်ပါ့မလားဆိုတာကို ဒီဇာတ်ကားလေးနဲ့အတူ ကြည့်ရှု့ခံစားကြရအောင်နော်...။ ဒီဇာတ်ကားလေးဟာဆိုရင်တော့ သစ္စာ ယုံကြည်မှု လက်စားချေမှုနဲ့ တရားမျှတမှုတို့ကြားကရွေးချယ်မှုတွေကိုအက်ရှင်ဇာတ်ဝင်ခန်းများစွာတင်ဆက်ထားပြီး ဘယ်သူက မိတ်ဆွေ ဘယ်သူကသစ္စာဖောက်ဆိုတာကို အလှည့်အပြောင်းများစွာနဲ့ခန့်မှန်းရခက်အောင်ရိုက်ကူးထားသောကြောင့် မှုခင်းအက်ရှင်ကားကြိုက်နှစ်သက်သူ‌တွေအတွက် အစကနေ အဆုံးထိ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့်ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Chii ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း