ဇာတ်ကားများ ရွေးရန်

An American Abroad

2025ဇာတ်ကားWeb-dl 1080p

အချစ်ဟာသ ဇာတ်လမ်းလေး တစ်ပုဒ်ဖြစ်ပါတယ်၊ ခရီးထွက်ရတာ ဝါသနာပါသူတွေနဲ့ ပေါ့ပေါ့ပါးပါး အချစ်ဇာတ်လမ်းလေး ကြည့်ချင်သူတွေ အကြိုက်တွေ့ပါလိမ့်မယ်၊ *ဇာတ်လမ်းအကျဥ်း* လွတ်လပ်ပွင့်လင်းပြီး ပျော်ပျော်နေတတ်တဲ့ မာရှာ ကင်မ်တန်ဆိုတဲ့ အမျိုးသမီးနဲ့ စည်းကမ်းကြီးပြီး စနစ်တကျနေတတ်တဲ့ အာနိုးဆိုတဲ့ အမျိုးသားတို့ရဲ့ အလုပ်ကိစ္စတစ်ခုကြောင့် ကမ္ဘာပတ် ခရီးစဥ် အတူထွက်ရတဲ့ အကြောင်းကို လိုက်ပါခံစားရမှာပါ၊ မာရှာဟာ တီဗီအစီအစဥ်တင်ဆက်သူတစ်ယောက်ပါ၊ သူ့ရဲ့ "ပြည်ပရောက် အမေရိကန်" ဆိုတဲ့ ကမ္ဘာပတ် ရိုက်ကူးရေး အစီအစဥ်ကို သွားဖို့အတွက် ရည်းစားဖြစ်သူ အာနိုးကိုပါ ခေါ်ဆောင်လာခဲ့ပါတယ်၊ နှစ်ယောက်လုံးက အကျင့်စရိုက်တွေ မတူကြပေမဲ့ တစ်ယောက်နဲ့ တစ်ယောက်တော့ ဂရုစိုက်တတ်ကြတယ်၊ အဲထက်ပိုပြီး ထူးခြားတာက နှစ်ယောက်လုံးက သာမန်လူတွေနဲ့ မတူတဲ့ အူကြောင်ကြောင် ထူးထူးဆန်းဆန်း လုပ်တတ်တဲ့ အကျင့်တွေ ရှိနေတာပဲ၊ ခရီးလမ်းတစ်လျှောက်မှာ အတူတူ အချိန်အကြာကြီး ဖြတ်သန်းရတာကြောင့် တစ်ယောက်အကြောင်းကို တစ်ယောက် ပိုပိုပြီးတော့ သိလာခဲ့ကြရတယ်၊ မကောင်းတဲ့ဘက်ကကြည့်ရင်တော့ ခဏခဏ ကတောက်ကဆတ်နဲ့ ရန်ဖြစ်ကြရတာပေါ့၊ ဒါပေမဲ့ တစ်ဖက်မှာလည်း ကောင်းတဲ့ဘက်က ကြည့်မယ်ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် နားလည်ပေးနိုင်မှုတွေ ပိုကြီးလာပြီး ရင့်ကျက်လာကြတယ်ပေါ့၊ တကယ်တော့ အချစ်ရေးမှာ လူနှစ်ယောက် အမြဲတမ်း အဆင်ပြေပြေနဲ့ ပေါင်းစပ်နိုင်ဖို့ဆိုတာ အတော်လေး ခဲယဉ်းတဲ့ အရာတစ်ခုပါ၊ လူတိုင်းဟာ အာသာချက် အားနည်းချက် ကိုယ်စီနဲ့ ဖြတ်သန်းနေကြရတာပဲမလား၊ ဥပမာ မာရှာရဲ့ အားနည်းချက်ဆိုရင် သူ့ရဲ့ ပုံမှန်မဟုတ်တဲ့ ထူးထူးခြားခြားအကျင့်တွေရှိနေတာပဲ၊ အာနိုးကလည်း ချစ်တော့ သည်းခံပေးပါတယ်၊ အာနိုးကလည်း စည်းစနစ်ကျသလောက် ပုံမှန်မဟုတ်တဲ့ အကျင့်တွေရှိနေတာကို မာရှာက သည်းခံပေးတတ်ပြန်တယ်၊ သူတို့ရဲ့ ပုံမှန်မဟုတ်တဲ့ အကျင့်တွေကိုတော့ ဇာတ်လမ်းထဲမှာ စီးမြောခံစားရင်း တွေ့လာရပါလိမ့်မယ်၊ ခရီးစဥ်တစ်လျှောက်မှာ သူတို့အတွဲ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ဟာသဆန်ဆန် အလွဲတွေကို ပေါ့ပေါ့ပါးပါး ကြည့်ရမဲ့ အချစ်ဟာသ ဇာတ်လမ်းလေး ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း