After All
ဒီဇာတ်ကားလေးကတော့ မိသားစုတစ်ခုအတွင်း ဖြစ်လေ့ရှိတဲ့ စိတ်ဝမ်းကွဲမှုတွေ၊ နာကျင်မှုတွေကို ချစ်ခြင်းမေတ္တာ၊ အပြန်အလှန် နားလည်မှုတွေနဲ့ ဘယ်လို ပြန်လည်ကုစားပြီး "ခွင့်လွှတ်ခြင်း" ဆီကို သွားကြမလဲဆိုတာကို ရိုက်ပြထားတဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ Ellen ဟာ နေရပ်ဇာတိမြို့နဲ့ ခပ်စိမ်းစိမ်း နေထိုင်ခဲ့ရာကနေ ကျန်းမာရေး သိပ်မကောင်းတော့တဲ့ သူမရဲ့အမေဖြစ်သူ Vernaကို ပြုစုစောင့်ရှောက်ဖို့အတွက် အိမ်ကို ပြန်လာခဲ့ရပါတယ်။ ဒါ့အပြင် သူမဆီမှာ ဆက်ဆံရေး အေးစက်နေပြီး စိတ္တဇနာကျင်မှုတွေ ခံစားနေရတဲ့ ဆယ်ကျော်သက် သမီးဖြစ်သူ Haley လည်း ရှိနေပါတယ်။ အိမ်ပြန်ရောက်တဲ့အခါမှာလည်း Ellen နဲ့ သူမရဲ့သမီး Haley ကြားမှာ နားလည်မှုလွဲတာတွေ၊ ဝေးကွာမှုတွေ ရှိနေသလို၊ Haley ကိုယ်တိုင်ကလည်း ကျောင်းမှာ Bully ခံရတာတွေ၊ Identity အကျပ်အတည်းတွေကြောင့် စိုးရိမ်ပူပန်မှု (Anxiety) တွေ ခံစားနေရတာပါ။ အဖွားဖြစ်သူ Verna ရဲ့ မှတ်ဉာဏ်တွေ တဖြည်းဖြည်း ဝေဝါးလာတာနဲ့အမျှ အတိတ်က မိသားစုဝင်တွေ ဖုံးကွယ်ထားခဲ့တဲ့ နာကျင်စရာ လျှို့ဝှက်ချက်တွေ၊ အမှန်တရားတွေက တစ်စစ ပြန်လည် ပေါ်ပေါက်လာပါတယ်။ ဒီအမျိုးသမီး သုံးယောက်ဟာ တစ်အိမ်ထဲမှာ အတူတူ နေထိုင်ရင်း အတိတ်က ဒဏ်ရာဟောင်းတွေ၊ လက်ရှိ ကြုံတွေ့နေရတဲ့ စိတ်ပိုင်းဆိုင်ရာ ရုန်းကန်ရမှုတွေကို ရင်ဆိုင်ကြရပါတယ်။ သူတို့ရဲ့ဆက်ဆံရေးတွေ ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာတော့….
ဇာတ်လမ်းအကြောင်း