ဇာတ်ကားများ ရွေးရန်

Soo: Revenge for a Twisted Fate

2007ဇာတ်ကားအမှတ် 6/10Web-dl 1080p

ငယ်စဉ်ကတည်းက ကွဲကွာသွားခဲ့တဲ့ အမြွှာညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ ထယ်ဆူ နဲ့ ထယ်ဂျင်းတို့ဟာ ၁၉ နှစ်ကြာပြီးမှ ပြန်လည်ဆုံတွေ့ခဲ့ကြပါတယ်။ ဒါပေမဲ့ ကံတရားရဲ့ရက်စက်မှုကြောင့် ပြန်ဆုံတဲ့နေ့မှာပဲ ရဲအရာရှိဖြစ်တဲ့ ညီဖြစ်သူ ထယ်ဂျင်းဟာ အစ်ကိုဖြစ်သူရဲ့ ရှေ့မှာတင် ရက်ရက်စက်စက် လုပ်ကြံခံလိုက်ရပါတယ်။ အမှောင်လောကမှာ ကြေးစားလူသတ်သမားအဖြစ် ရှင်သန်ခဲ့တဲ့ ထယ်ဆူဟာ ညီဖြစ်သူရဲ့ နာမည်နဲ့ ရဲအရာရှိတစ်ယောက်အဖြစ် အယောင်ဆောင်ပြီး လူသတ်သမားတွေကို လိုက်လံရှာဖွေကာ လက်စားချေဖို့ ကြိုးစားပုံတွေကို ရင်တမမနဲ့ ကြည့်ရှုရမှာပါ။ ထယ်ဂျင်းကိုသတ်သွားတဲ့သူက ဘယ်သူဖြစ်မလဲ? ဘယ်လိုအကြောင်းကြောင့် အသတ်ခံလိုက်ရတာလဲဆိုတာ... ဒီကားမှာ အဓိကဇာတ်ကောင်ဖြစ်တဲ့ ထယ်ဆူဟာ ရဲတပ်ဖွဲ့အတွင်းမှာ ကိုယ့်ရဲ့ အစစ်အမှန်ဘဝကို ဖုံးကွယ်ရင်း ရဲတပ်ဖွဲ့ရဲ့ အရင်းအမြစ်တွေကို အသုံးပြုကာ ရာဇဝတ်ကောင်တွေကို လိုက်လံနှိမ်နင်းရတဲ့ စိတ်လှုပ်ရှားဖွယ် အခန်းတွေကို အဓိက အသားပေး တင်ဆက်ထားပါတယ်။ ဒီကားဟာ အက်ရှင် ခပ်ကြမ်းကြမ်းနဲ့ လျှို့ဝှက်သည်းဖို မှုခင်းဇာတ်လမ်းတွေကို နှစ်သက်သူတွေအတွက် အကြိုက်တွေ့စေမဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီကားကို အညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း