Fiza
ဒီဇာတ်ကားလေးကတော့ ၁၉၉၃ ခုနှစ် ဘုံဘေ (မွမ်ဘိုင်း) အရေးအခင်း ဖြစ်ပွားချိန်မှာ ပျောက်ဆုံးသွားတဲ့ မောင်ဖြစ်သူ အာမန်ကို အစ်မဖြစ်သူ ဖီဇာက ခြောက်နှစ်တိုင်တိုင် မျှော်လင့်စောင့်စားရင်း လိုက်လံရှာဖွေပုံကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဖီဇာ နဲ့ အာမန်တို့ မောင်နှမနှစ်ယောက်က သူတို့အမေနဲ့အတူ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနေတဲ့ မိသားစုလေးပါ။ တစ်ညမှာ အရေးအခင်းတစ်ခုကြောင့် အာမန်က ဘာမှမဆိုင်ဘဲ ထွက်ပြေးရင်း ပျောက်ဆုံးသွားခဲ့တယ်။ ခြောက်နှစ်အကြာမှာ အစ်မဖြစ်သူက လိုက်ရှာရင်း သူ့မောင်က လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုထဲ ရောက်သွားပြီး အကြမ်းဖက်လမ်းကြောင်းပေါ် ရောက်နေတာကို သိရတဲ့အချိန်မှာ ဖီဇာတို့မိသားစု ဘယ်လိုဒုက္ခတွေကို ရင်ဆိုင်ကြုံတွေ့ရမလဲ၊ အာမန်ကို လမ်းကြောင်းမှန်ပေါ် ပြန်ခေါ်လာနိုင်ပါ့မလား၊ တစ်ဖက်က ဘာသာရေးကို နိုင်ငံရေးအတွက် ကစားနေတဲ့ နိုင်ငံရေးသမားတွေကို ဘယ်လိုဖြေရှင်းသွားမလဲဆိုတာကို အာမန်တို့မိသားစုသုံးယောက်ရဲ့ ခိုင်မြဲတဲ့သံယောဇဉ်လေးတွေနဲ့ ယှဉ်တွဲရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အာမန် အဖြစ် မင်းသား Hrithik Roshan ၊ ဖီဇာ အဖြစ် မင်းသမီး Karisma Kapoor နဲ့ သူတို့ရဲ့အမေအဖြစ် မင်းသမီးကြီး Jaya Bachchan တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း