ဇာတ်ကားများ ရွေးရန်

The King’s Warden

2026ဇာတ်ကားWeb-dl 1080p

ကိုရီးယားသမိုင်းနောက်ခံ ဒရာမာကားကောင်းလေးတွေကို သဘောကျတဲ့သူတွေအတွက် The Kings Warden 2026 ဇာတ်ကားလေးကို ညွှန်းပေးချင်ပါတယ်။ ​ယောင်းဝေါလ်ခရိုင်က ဝေးလံခေါင်ဖျားတဲ့ တောင်ပေါ်ရွာလေးမှာ ရွာသူကြီး အုမ်းဟွန်းဒိုဟာ ရွာသူရွာသားတွေရဲ့ စားဝတ်နေရေးကို ဖြေရှင်းပေးဖို့ နယ်နှင်ဒဏ်သင့်လာတဲ့ အထက်တန်းလွှာတွေကို ရွာမှာ လက်ခံစောင့်ရှောက်ဖို့ ကြိုးစားနေခဲ့ပါတယ်။ တစ်နေ့တော့ ဦးလေးဖြစ်သူ ဆူယန်းမင်းသားကြီးဆီကနေ ထီးနန်းလုယူခံလိုက်ရပြီး ပြည်နှင်ဒဏ်ပေးခံရတဲ့ ဘုရင်ငယ်လေး အီဟုန်းဝီဟာ မြို့တော်ကနေ ယောင်းဝေါလ်ခရိုင်က ဝေးလံခေါင်ဖျားတဲ့ တောင်ပေါ်ရွာလေးကို ရောက်ရှိလို့လာပါတယ်။ ကြုံတွေ့ရတဲ့ကိစ္စအရပ်ရပ်ကြောင့် အရာရာကို စိတ်ပျက်လက်လျှော့ချင်နေတဲ့ နန်းကျဘုရင်လေးနဲ့ သူ့ကို တာဝန်အရ စောင့်ကြပ်ရတဲ့ ရွာသူကြီးတို့ ဆုံတွေ့ကြတဲ့အခါ သူတို့နှစ်ဦးကြားက နွေးထွေးတဲ့ သံယောဇဉ်နဲ့ သစ္စာစောင့်သိမှုတွေကို ဘယ်လိုရင်နင့်ဖွယ် ရိုက်ကူးတင်ဆက်ထားလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။ မျက်ရည်ပေါက်ပေါက်ကျစေမဲ့ဇာတ်ဝင်ခန်းတွေ ပါဝင်တာမို့ ဒီကားလေးကိုကြည့်မယ်ဆိုရင် တစ်ရှူးလေးတော့ ကြိုဆောင်ထားဖို့ အကြံပေးချင်ပါတယ်။ ဒီကားကို အညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း