ဇာတ်ကားများ ရွေးရန်

Akira

2016ဇာတ်ကားBlu-ray 1080p

ဒီဇာတ်ကားလေးကတော့ မြို့ကြီးပြကြီးဆီ ပြောင်းရွှေ့လာတဲ့ ခွန်အားကြီးမားပြီး မတရားမှုကို ခေါင်းငုံ့မခံတတ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ အကြောင်းကို စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ဆက်ထားတာပါ။ သူ့ရဲ့ အေးချမ်းတဲ့ ကောလိပ်ကျောင်းသူဘဝလေးဟာ ငွေကြေးအမြောက်အမြားကြောင့် လူသတ်မှုတစ်ခုကို ကျူးလွန်ထားတဲ့ အကျင့်ပျက်ရဲအရာရှိတစ်စုရဲ့ မှုခင်းပြဿနာကြားထဲကို အမှတ်မထင် ဝင်ရောက်ပတ်သက်မိသွားချိန်မှာတော့ လုံးဝကို ကမောက်ကမ ဖြစ်သွားခဲ့ရပါတယ်။ မှုခင်းသက်သေ ဗီဒီယိုဖိုင်ပါဝင်တဲ့ ကင်မရာတစ်လုံး အခိုးခံရမှုကနေတစ်ဆင့် အဆိုပါ ကျောင်းသူလေးကို ပြဿနာကောင်အဖြစ် အထင်လွဲကာ အကျင့်ပျက်ရဲတွေက အသည်းအသန် ပစ်မှတ်ထားလာချိန်မှာတော့... အာဏာနဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်တတ်တဲ့ ရဲတွေဟာ သူတို့ရဲ့ ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့အတွက် ဒီကောင်မလေးကို အကွက်ကျကျ အမှုဆင်ကြရုံသာမကဘဲ စိတ်ဝေဒနာရှင်တစ်ယောက်အဖြစ်ပါ သတ်မှတ်ကာ စိတ်ကျန်းမာရေးဆေးရုံမှာ အကျဉ်းချထားလိုက်တဲ့အထိ ရက်စက်ကြမ်းကြုတ်ကြပါတယ်။ မိသားစုအရင်းတွေကပါ သူ့ကို မယုံကြည်တော့ဘဲ တစ်လောကလုံးက ကျောခိုင်းသွားတဲ့ အခြေအနေဆိုးကြီးထဲမှာ သူတစ်ယောက်တည်း အမှန်တရားအတွက် ဘယ်လိုမျိုး အသက်လုပြီး ရုန်းကန်တိုက်ခိုက်သွားမလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာပါ။ မတရားမှုကို ရင်ဆိုင်ဖြတ်သန်းရမဲ့ ကြမ်းတမ်းတဲ့ ဇာတ်လမ်းအလှည့်အပြောင်းတွေက ဇာတ်သိမ်းအထိရှိနေတာမို့ အချိန်ပေးရကျိုးနပ်စေမဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း