ဇာတ်ကားများ ရွေးရန်

Suzzanna: Witchcraft

2026ဇာတ်ကားWeb-dl 1080p

အခုတစ်ခေါက်ဇာတ်ကားလေးကတော့ စိတ်ဝင်စားစရာ အရမ်းကောင်းတဲ့ သဲထိတ်ရင်ဖို အောက်လမ်းပညာရပ်တွေနဲ့ ကျိန်စာတိုက်ပြီး ပညာရပ်ချင်း ပြိုင်ကြမယ့် Suzzanna (ဆူဆန်နာ) ဆိုတဲ့ အင်ဒိုဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံက ကာရန်စတန်ရွာလေးမှာ ရွာကို အနိုင်ကျင့် ဗိုလ်ကျ စိုးမိုးနေတဲ့ ကာစတန်ဆိုတဲ့ လူမိုက်ကြီးတစ်ဦးရှိပါတယ်။ ဒီလူက ရွာသူကြီးဖြစ်ချင်တော့ ရွာရဲ့သူကြီး ဆူရိုဆိုကို အောက်လမ်းဆရာငှားပြီး စုန်းအတတ်နဲ့ ပြုစားပြီး သတ်ပစ်လိုက်ပါတယ်။ ရွေးကောက်ပွဲလုပ်ပြီး သူကြီးနေရာကို လူအင်အား ငွေအင်အား သုံးပြီး ဝင်ပြိုင်ပါတယ်... မကျေနပ်တဲ့ ရွားသားတစ်ချို့က ရွာရဲ့ကျောင်းဆရာ တစ်ဦးဖြစ်ပြီး အများရဲ့ လေးစားခြင်းခံရတဲ့ ဆူဆန်နာရဲ့အဖေ ကို သူကြီးနေရာ ဝင်ပြိုင်ဖို့ ဝိုင်း​ပြီး တိုက်တွန်းကြပါတယ် ကာစမန်က ဆူဆန်နာကို မယားငယ်အဖြစ် လက်ထပ်ချင်နေသူပါ ဒါပေမဲ့ သူ့ပြိုင်ဘက်ဖြစ်လာမယ့် ဆူဆန်နာ့အဖေကို အောက်လမ်းဆရာနဲ့ သတ်ပစ်လိုက်ပါတယ် ဒီလိုနဲ့ ရွာသူရွာသားတွေကို အကြွေးတွေနဲ့ ချုပ်နှောင်ကာ ကိုလိုနီခေတ်ကလို အနိုင်ကျင့်ဗိုလ်ကျနေတဲ့ ဘစ်စမန်တစ်ယောက် ရွာရဲ့ သူကြီးဖြစ်လာပါတော့တယ်။ ဆူဆန်နာတစ်ယောက် ဖခင်ဖြစ်သူအတွက် ပြန်ပြီး လက်စားချေဖို့ ပရာမူဂျာရဲ့ အဒေါ်ထံမှာ အောက်လမ်းပညာ သင်ယူခဲ့ပါတယ်... ပရာမူဂျာကတော့ ဖခင်ပျောက်ကို ရှာဖွေနေတဲ့ တစ်ခြားရွာက လူရိုးလူအေးလေးပါ.... အင်အားကြီး ကာစမန်ကို ရင်မဆိုင်နိုင်တာနဲ့ ဆူဆန်နာဟာ နောက်ဆုံးကျိန်စာကို သုံးပြီး ဖြေရှင်းရာမှာတော့ ကာစမန်သာမက သူချစ်ရတဲ့ ပရာမူဂျာကိုပါ သွားထိပါတော့တယ်.... ဆူဆန်နာရဲ့ နောက်ဆုံးကျိန်စာက ပြန်ရုပ်သိမ်းတာနဲ့ ကျိန်စာတိုက်သူထံ တန်ပြန်သက်ရောက်လာတာပါ... ဆူဆန်နာ အမုန်းကြီးမုန်းနေတဲ့ ကာစမန်နဲ့ ပရာမူဂျာတို့ကြားက ပတ်သတ်မှုကို သိသွားရာမှာတော့....ဘာတွေ ဆက်ဖြစ်မှာလဲ ရက်စက်ယုတ်မာတဲ့ သူကြီးကာစမန်ကို ဆူဆန်နာတစ်ယောက် အနိုင်ရသွားမှာလား ဒီလို စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေတဲ့ သဲထိတ်ရင်ဖို မှော်ပညာလက်စားချေမှုတွေအပြင် လူ့သဘာဝရဲ့ လောဘ မေတ္တာ ခွင့်လွှတ်ခြင်းနဲ့ နောင်တတရားတို့ကို ပုံဖော်ရိုက်ကူးထားတဲ့ ဒေသန္တရ ရုပ်ရှင်ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ Horror ​ဇာတ်လမ်းကြိုက်နှစ်သက်သူတွေအတွက် အထူးကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း