ဇာတ်ကားများ ရွေးရန်

Ben-Hur

1959ဇာတ်ကားBlu-ray 1080p

* Movie Request ထဲကဇာတ်ကားဖြစ်ပါတယ် ယခုတစ်ခေါက် တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ ၁၉၅၉ခုနှစ်က ထွက်ရှိခဲ့တဲ့ Ben Hur လို့အမည်ရတဲ့ ဂန္ဓ၀င်ဇာတ်ကားကောင်းပဲဖြစ်ပါတယ်။ ထိုခေတ်အခါတုန်းက ကမ္ဘာမှာ ဘတ်ဂျက်အများဆုံးသုံးပြီး ရိုက်ကူးခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး IMDb rating 8.1 တောင် ရထားတဲ့ဇာတ်ကားပါ။ ဇာတ်ကားကို ခရစ်တော်မွေးဖွားတဲ့အချိန်ကာလကို ဦးတည်ရိုက်ကူးထားတာပါ။ အဲ့အချိန်မှာ ကမ္ဘာကြီးကို ရောမတွေရဲ့ရိုမန်အင်ပါယာကြီးက အုပ်စိုးထားပြီး ဧကရာဇ်ဆီဇာရဲ့အာဏာ အထွတ်အထိပ်ရောက်နေတဲ့အချိန်ဆိုရင်လည်း မမှားပါဘူး။ ဒါပေမယ့် ဆီဇာဟာ သူ့လက်အောက်ခံပြည်သူတွေဆီကနေ အခွန်တွေကောက်ဖို့ ပြင်ဆင်တဲ့အချိန်မှာပဲ သိမ်းပိုက်ခံဂျူးတိုင်းပြည်တစ်ခုဖြစ်တဲ့ ဂျူဒီယာဟာ ပုန်ကန်ဖို့သတင်းတွေ ထွက်လာပါတော့တယ်။ ဒါကြောင့် ဂျူဒီယာပြည်ကို ငြိမ်၀ပ်ပိပြားအောင်လုပ်ဖို့အတွက် မာဆာလာလို့ခေါ်တဲ့ တပ်ခေါင်းဆောင်တစ်ဦးကို ဂျူဒီယာဆီ လွှတ်လိုက်ပါတယ်။ မာဆာလာဟာ အရင်က ဂျူဒီယာမှာ နေထိုင်ခဲ့ဖူးပြီး ဂျူဒီယာရဲ့မင်းစိုးမင်းနွယ် ဂျူးဒက်စ်ဘန်ဟားဆိုတဲ့ ဂျူးမင်းသားနဲ့ ငယ်ကတည်းက ရင်းနှီးကျွမ်း၀င်ခဲ့တာပါ။ ဒါကြောင့်ပဲ မာဆာလာဟာ ဂျူးဒက်စ်ဆီ အကူအညီတောင်းပြီး ဂျူဒီယာပြည်သူတွေကို မပုန်ကန်အောင် နားချပေးဖို့ တိုက်တွန်းပါတော့တယ်။ ဂျူးဒက်စ်လည်း ငါတို့ဟာ သူငယ်ချင်းတွေဆိုပေမယ့် ငါ့လူတွေနဲ့ ယှဉ်ရွေးရမယ်ဆိုရင် ဂျူးလူမျိုးဘက်မှာပဲ နေရလိမ့်မယ်လို့ ပြောလိုက်ပါတယ်။ ဒါနဲ့ပဲ တစ်ရက်မှာ မတော်တဆတစ်ခုကြောင့် ဂျူးဒက်စ်တို့မိသားစုကို ဖမ်းဆီးနိုင်တဲ့အခွင့်အရေးတစ်ခုရလာတဲ့အခါ မာဆာလာလည်း သူငယ်ချင်းသံယောဇဉ်ကို မထောက်ပဲ ဂျူးဒက်စ်ကို စံနမူနာအပြစ်ပေးပြမှသာ လူတွေဟာ ကြောက်ရွံ့ကြမယ်လို့ တွေးပြီး သူတို့မိသားစုကို ဖျက်စီးလိုက်ပါတော့တယ်။ ဂျူးဒက်စ်ကို ရိုမန်တွေရဲ့စစ်သင်္ဘောတွေဆီ အစေခံအနေနဲ့ပို့လိုက်ပြီး သူ့ရဲ့မိခင်နဲ့ညီမဖြစ်သူကိုလည်း အကျဉ်းချထားလိုက်ပါတယ်။ ဂျူးဒက်စ်လည်း တစ်ချိန်ကျ ပြန်လက်စားချေမယ်လို့ ကြုံးဝါးရုံကလွဲပြီး ဘာမှမလုပ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် တစ်ရက်မှာ ဂျူးဒက်စ်တို့ရဲ့စစ်သင်္ဘောဟာ တိုက်ပွဲမှာ နစ်မြုပ်သွားပါတယ်။ အဲ့အချိန်မှာ ဂျူးဒက်စ်ဟာ သင်္ဘောပေါ်က ရိုမန်ကောင်စစ်၀န်ရဲ့အသက်ကို ကယ်တင်လိုက်တဲ့အချိန်ကစပြီး ဂျူးဒက်စ်ရဲ့ဘ၀ဟာ ပြောင်းလဲသွားပါတော့တယ်။ ဒီတော့ ဂျူးဒက်စ်တစ်ယောက် စစ်သင်္ဘောပေါ်မှာ နှစ်တွေကြာတဲ့အထိ ဘယ်လိုနေထိုင်ခဲ့ရလဲ။ သူ့ဘ၀ပြောင်းလဲသွားတဲ့အချိန်မှာ မာဆာလာကို ပြန်ပြီး လက်စားချေနိုင်မှာလား။ သူ့မိခင်နဲ့ညီမကရော အသက်ရှင်နေတုန်းပဲလား။ သူ့ရဲ့လက်စားချေမယ့်ခရီးစဉ်တစ်လျှောက်မှာ ဂျူးဒက်စ်တစ်ယောက် ဘယ်လိုပြောင်းလဲလာမလဲ စတာတွေကို ဂန္ဓ၀င်ဆန်ဆန်ကြည့်ရှုရမယ့် ရုပ်ရှင်ပဲဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ယေရှုခရစ်တော်ရဲ့အချိန်ကာလကိုပါ ထည့်သွင်းရိုက်ကူးထားတာမို့ သမိုင်းအငွေ့အသက် ဘာသာရေးအငွေ့အသက်တွေကို ရသစုံလင်စွာကြည့်ရှုရမယ့်ဇာတ်ကားလေးမို့ အခုပဲကြည့်ရှုလိုက်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

ဇာတ်လမ်းအကြောင်း