ဇာတ်ကားများ ရွေးရန်

Golda

2023ဇာတ်ကားအမှတ် 6/10Web-dl 1080p

* Movie Request ထဲကဇာတ်ကားဖြစ်ပါတယ် ၁၉၇၃ ခုနှစ်၊ အောက်တိုဘာလ ၆ ရက် (ဂျူးတို့ရဲ့ အမြတ်နိုးဆုံး Yom Kippur ဥပုသ်နေ့) မှာ အီဂျစ်နဲ့ ဆီးရီးယား တပ်ဖွဲ့တွေဟာ အစ္စရေးနိုင်ငံကို နှစ်ဘက်ညှပ်ပြီး ရုတ်တရက် အံ့အားသင့်ဖွယ် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြပါတယ်။ စစ်တပ်နဲ့ ထောက်လှမ်းရေးရဲ့ သတင်းအချက်အလက် လွဲမှားမှုကြောင့် အစ္စရေးဟာ စစ်ပွဲစစချင်းမှာတင် အကြီးအကျယ် အရေးနိမ့်ခဲ့ပြီး နိုင်ငံအလိုက် ပြိုလဲသွားနိုင်တဲ့ စိန်ခေါ်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အသက် ၇၅ နှစ်ရှိပြီဖြစ်တဲ့ ဝန်ကြီးချုပ် Golda Meir (Helen Mirren) ဟာသွေးကင်ဆာ (Lymphoma) ရောဂါကို ဆေးရုံမှာ လျှို့ဝှက်စွာ ကုသနေရပြီး စစ်ကာကွယ်ရေးဝန်ကြီး Moshe Dayan အပါအဝင် စစ်ဗိုလ်ချုပ်တွေကြား စိတ်ဓာတ်ကျဆင်းမှုနဲ့ အယူအဆ မတူညီမှုများကို လိုက်လံထိန်းကျောင်းရနေရပါတယ်။ ဒါ့အပြင် ရှေ့တန်းမှာ သေဆုံးသွားရတဲ့ စစ်သားတစ်ယောက်စီရဲ့ စာရင်းကို စာအုပ်ထဲမှာ ကိုယ်တိုင်လိုက်မှတ်ရင်း စိတ်ဒဏ်ရာလည်းတဖြည်းဖြည်းရလာခဲ့ပါတယ်။ ဒီလိုနဲ့ အစ္စရေးတပ်များ စစ်လက်နက်နဲ့ ခဲယမ်းမီးကျောက် ပြတ်လပ်လာချိန်မှာ Golda ဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Henry Kissinger (Liev Schreiber) နဲ​့ သံတမန်ရေးအရ တင်းမာစွာ ညှိနှိုင်းခဲ့ပါတယ်။ အမေရိကန်ထံမှ စစ်ကူနဲ့ စစ်လက်နက်ပစ္စည်းများ အမြန်ဆုံး ပေးပို့လာအောင် သူမရဲ့ သံမဏိစိတ်ဓာတ်၊ ပါးနပ်တဲ့ စကားပြောဆိုဟန်တို့နဲ့ ဖိအားပေး ဆွေးနွေးနိုင်ခဲ့ပါတယ်။ အမေရိကန်ရဲ့ အကူအညီနဲ့ စစ်ဗိုလ်ချုပ် Ariel Sharon ရဲ့ ဗျူဟာမြောက် စစ်ဆင်ရေးတွေကြောင့် အစ္စရေးဟာ စစ်ပွဲကို ၂၁ ရက်အတွင်း အသာစီးရအောင် ပြန်လည် အလှည့်အပြောင်း လုပ်နိုင်ခဲ့ပြီး အပစ်အခတ် ရပ်စဲရေး ရရှိခဲ့ပါတယ်။ သို့သော်လည်း စစ်ပွဲအတွင်း စစ်သားပေါင်း ၂,၆၀၀ ကျော် သေဆုံးခဲ့ရတာကြောင့် နိုင်ငံအတွင်း ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ပါတယ်။ဒါကြောင့် Golda Meir ဟာ စစ်ပွဲအပြီး စုံစမ်းစစ်ဆေးရေး ကော်မတီ (Agranat Commission) ရဲ့ စစ်ဆေးမှုကို ရင်ဆိုင်ခဲ့ရပြီး၊ သူမတွင် အပြစ်မရှိကြောင်း တွေ့ရှိရသော်လည်း ပြည်သူလူထုရဲ့ ဖိအားကြောင့် ၁၉၇၄ ခုနှစ်မှာ ဝန်ကြီးချုပ်ရာထူးမှ နှုတ်ထွက်ခဲ့ရပါတော့တယ်။

ဇာတ်လမ်းအကြောင်း