Lady Chatterley's Lover
* Movie Request ထဲကဇာတ်ကားဖြစ်ပါတယ် ဒီတစ်ခါမှာတော့ လူမှုအသိုင်းအဝိုင်းရဲ့ စည်းကမ်းတံတိုင်းတွေ၊ အတန်းအစား ခွဲခြားမှုတွေကြားထဲကနေ ဖြစ်တည်လာတဲ့ ပြင်းပြတဲ့ အချစ်တွေ တောင့်တမှုတွေနဲ့ စိတ္တဇအားပြိုင်မှုတွေကို လှပစွာ ပုံဖော်ထားတဲ့ Romance/Drama ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒါကတော့ စာရေးဆရာကြီး D.H. Lawrence ရဲ့ နာမည်ကျော်ဂန္ထဝင်ဝတ္ထုကို ရိုက်ကူးထားတဲ့ "Lady Chatterley's Lover" ဆိုတဲ့ ဇာတ်ကားလေးပါပဲ။ ဇာတ်လမ်းလေးကတော့ အထက်တန်းလွှာ အမျိုးသမီးလေး 'ကွန်စတန့်စ်' က ပထမကမ္ဘာစစ်အတွင်း ဒဏ်ရာရရှိခဲ့လို့ ခါးအောက်ပိုင်း သေသွားတဲ့ သခင်ကြီး 'ကလစ်ဖို့ဒ်' နဲ့ အိမ်ထောင်ကျခဲ့ရာကနေ စတင်ထားတာပါ။ ကလစ်ဖို့ဒ်ဟာ အိမ်ထောင်ဖက်ကောင်း တစ်ယောက်ဖြစ်ပေမဲ့ သူ့ရဲ့စိတ္တဇ ဖိအားတွေနဲ့ လူတန်းစားခွဲခြားတတ်တဲ့ မောက်မာမှုတွေကြောင့် ကွန်စတန့်စ်ရဲ့ ဘဝဟာ အထီးကျန်ပြီး လှောင်အိမ်ထဲ ရောက်နေရသလို ပိတ်လှောင်ခံရခြင်းတွေနဲ့ ပြည့်နှက်နေခဲ့ရပါတယ်။ ဒါပေမဲ့ တစ်ရက်မှာတော့ သူတို့ပိုင်ဆိုင်တဲ့ နယ်မြေထဲက တောအုပ်ထိန်းသိမ်းသူ အမျိုးသား 'အိုလီဗာ မေလာစ့်' နဲ့ မထင်မှတ်ဘဲ တွေ့ဆုံခဲ့ရပါတယ်။ အောက်ပိုင်းသေနေတဲ့ ခင်ပွန်းသည်ဆီက မရနိုင်တဲ့ နွေးထွေးကြင်နာမှုတွေကို အိုလီဗာဆီကနေ ရဖို့မျှော်လင့်ရင်းနဲ့ မတူညီတဲ့ လူမှုအဆင့်အတန်း၊ ဖိအားတွေကြားထဲမှာပဲ သူတို့နှစ်ယောက်အကြား ပြင်းပြတဲ့လျှို့ဝှက်အချစ်ဇာတ်လမ်းတစ်ခု စတင်ခဲ့ပါတော့တယ်။ ဒီလိုနဲ့ကွန်စတန့်စ်တစ်ယောက် စည်းစိမ်ဥစ္စာတွေ၊ လူ့အသိုင်းအဝိုင်းရဲ့ ကဲ့ရဲ့မှုတွေကြားထဲကနေ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာနဲ့ မိမိရဲ့လွတ်လပ်ခွင့်ကို ရွေးချယ်ဖို့ ဘယ်လိုစွန့်စားမှုတွေကို ရွေးချယ်သွားမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမှာပါ။
ဇာတ်လမ်းအကြောင်း