Running Turtle
ဒီကားဟာ တောင်ကိုရီးယား အက်ရှင်၊ ဟာသနဲ့ မှုခင်း သည်းထိတ်ရင်ဖို ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး ကိုရီးယားရုပ်ရှင်လောကရဲ့ နာမည်ကြီးသရုပ်ဆောင် Kim Yoon-seok နဲ့ Jung Kyung-ho တို့ အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းက ယယ်ဆန်ဆိုတဲ့ အေးချမ်းတဲ့ တောမြို့လေးက ပျင်းရိပြီး အလုပ်သိပ်မလုပ်ချင်တဲ့ စုံထောက် ဂျိုဖီဆောင်းကို အဓိကထား ရိုက်ကူးထားတာပါ။ ဖီဆောင်းဟာ ရဲအလုပ်ထက် လောင်းကစားကို ပိုစိတ်ဝင်စားသူဖြစ်ပြီး တစ်နေ့မှာတော့ သူ့မိန်းမစုထားတဲ့ ပိုက်ဆံတွေကို နွားတိုက်ပွဲမှာ သွားလောင်းရာကနေ အကုန်ရှုံးသွားပါတော့တယ်။ အဲဒီအချိန်မှာပဲ နိုင်ငံတစ်ဝန်းက ရဲတွေ အသည်းအသန် လိုက်လံရှာဖွေနေတဲ့ နာမည်ကြီး ဝရမ်းပြေး၊ ကိုယ်ခံပညာကျွမ်းကျင်သူ ဆုန်းဂီထယ်ဟာ အဲဒီတောမြို့လေးထဲကို ရောက်လာပါတယ်။ ဖီဆောင်းနဲ့ ဂီထယ်တို့ ထိပ်တိုက်တွေ့ကြတဲ့အခါ ကိုယ်ခံပညာမတတ်တဲ့ ဖီဆောင်းက အပြတ်အသတ် အရိုက်ခံရရုံသာမက သိက္ခာပါကျခဲ့ရပါတယ်။ ဒီကိစ္စကြောင့် သူ့ရဲ့ ရဲတံဆိပ်ကိုပါ အသိမ်းခံလိုက်ရပြီး မြို့ခံတွေရဲ့ လှောင်ပြောင်မှုကိုပါ ခံရတဲ့အပြင် သူ့မိသားစုရှေ့မှာပါ အကြီးအကျယ် မျက်နှာငယ်ရပါတော့တယ်။ ဒီအခါမှာတော့ အမြဲတမ်း ပေါ့ပေါ့ဆဆ နေတတ်တဲ့ ဖီဆောင်းတစ်ယောက် ပြောင်းလဲသွားပါတော့တယ်။ သူ့ရဲ့ သိက္ခာ၊ ငွေကြေးနဲ့ မိသားစုရဲ့ ယုံကြည်မှုကို ပြန်ရဖို့အတွက် အန္တရာယ်များတဲ့ တရားခံပြေး ဂီထယ်ကို ဘယ်သူ့အကူအညီမှမပါဘဲ တစ်ယောက်တည်း ဇွဲလုံ့လကြီးကြီးနဲ့ လိုက်လံဖမ်းဆီးပါတော့တယ်။ နှေးကွေးပေမဲ့ ဇွဲကောင်းတဲ့ လိပ်တစ်ကောင်က မြန်ဆန်သွက်လက်တဲ့ ယုန်ကို နောက်ယောင်ခံလိုက်သလို ပုံဖော်ရိုက်ကူးထားတဲ့ဇာတ်ကားကောင်းတစ်ကားပါ။ ဒီကားကို အညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း