Governor: The Silent Saviour
ဒီဇာတ်ကားလေးကတော့ ၁၉၉၀ ခုနှစ် အိန္ဒိယနိုင်ငံ ဒေဝါလီခံရတော့မယ့် အခြေအနေကို အိန္ဒိယနိုင်ငံတော်ဗဟိုဘဏ် (RBI) နဲ့ အိန္ဒိယအစိုးရကြားမှာရှိတဲ့ အဖွဲ့အစည်းဆိုင်ရာ မူဘောင်တွေနဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌ မစ္စတာရာမန်က ဘယ်လိုဖြေရှင်းသွားလဲဆိုတာကို ရိုက်ပြထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ တစ်လအတွင်း အိန္ဒိယနိုင်ငံက ဒေဝါလီခံရနိုင်တယ်ဆိုတာသိလို့ ခေါင်းရှောင်ပြီး နုတ်ထွက်သွားတဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌနေရာမှာ ရာမန် ကို ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် အစားထိုးခန့်လိုက်ပါတယ်။ တာဝန်ယူမှု တာဝန်ခံမှုအပြည့်ရှိတဲ့ ရာမန်က ဒေဝါလီမခံရဖို့ ရှိတဲ့အချိန်တစ်လလေးအတွင်းမှာ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ နည်းလမ်းတွေ တစ်ခုပြီးတစ်ခုသုံးပြီး ကြိုးစားရင်း အခက်အခဲတွေ တစ်ခုပြီးတစ်ခု ရင်ဆိုင်ရင်း နိုင်ငံတစ်ခုလုံး ကွယ်ပျောက်သွားနိုင်တဲ့ အခြေအနေကြီးကို ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်းသွားနိုင်ခဲ့သလဲဆိုတာကို နိုင်ငံတစ်နိုင်ငံရဲ့ ဘဏ္ဌာရေးစနစ်က နိုင်ငံအတွက် ဘယ်လောက်ထိအရေးပါလဲ၊ ဘယ်လိုတွေ လည်ပတ်နေသလဲဆိုတာကို လုံးဝနားလည်သွားစေနိုင်တဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ မစ္စတာရာမန် အဖြစ် မင်းသား Manoj Bajpayee ၊ စီတာ အဖြစ် မင်းသား Noushad Mohamed Kunju နဲ့ မစ္စဗာမာ အဖြစ် မင်းသမီး Adah Sharma တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း