All Fun and Games
All Fun and Games ဟာ ၂၀၂၃ ခုနှစ် စက်တင်ဘာလမှာ ထွက်ရှိခဲ့တဲ့ အမေရိကန် Supernatural Horror / Thriller ရုပ်ရှင်ကားတစ်ကား ဖြစ်ပါတယ်။ ဇာတ်ကားရဲ့ အစမှာတော့ သာမန် ဆယ်ကျော်သက် ငယ်သူငယ်ချင်းတွေနဲ့ မောင်နှမတွေဟာ ပျင်းရိ ငြီးငွေ့စရာကောင်းတဲ့ Salem မြို့ရဲ့ နေ့ရက်တွေကနေ လွတ်မြောက်ဖို့အတွက် လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာတစ်ခုဆီ ရောက်ရှိသွားကြပါတယ်။ အဲဒီမှာ သူတို့ မသိလိုက်ဘဲ ရိုးရာ ကစားနည်းတွေအတွက် သုံးတဲ့ ရှေးဟောင်းဓားတစ်လက်ကို ကိုင်တွယ်မိလိုက်ရာကနေ အိပ်မက်ဆိုးကြီး စတင်လာပါတော့တယ်။ ဒီဓားမှာ ပိတ်လှောင်နေတဲ့ ရှေးဟောင်း မကောင်းဆိုးဝါးဝိညာဉ်တစ်ခု လွတ်မြောက်လာပြီး ကလေးတွေ ကစားနေကျ အပြစ်ကင်းစင်တဲ့ ကစားနည်းတွေကို "အသက်နဲ့ရင်းရမယ့် ရက်စက်တဲ့ လူသတ်ပွဲဂိမ်းတွေ" အဖြစ် ပြောင်းလဲပစ်လိုက်ပါတယ်။ အဓိက ဇာတ်ကောင်တွေဖြစ်တဲ့ Asa Butterfield နဲ့ Natalia Dyer တို့ပါဝင်တဲ့ မောင်နှမနဲ့ သူငယ်ချင်းတွေဟာ တစ်ဦးနဲ့တစ်ဦး အယုံအကြည်တွေ ပျက်ပြားလာပြီး၊ ဒီ ငရဲလို ကြောက်စရာကောင်းတဲ့ ကျိန်စာမိနေတဲ့ ဂိမ်းကွင်းပြင်ကြီးထဲကနေ အသက်ရှင်လျက် ဘယ်လိုလွတ်မြောက်အောင် ရုန်းကန်ကြမလဲ၊ မကောင်းဆိုးဝါးရဲ့ ရည်ရွယ်ချက်ကရော ဘာလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ အဆုံးထိ ဆက်လက်ကြည့်ရှုရမယ့် သည်းထိုင့်ရင်ဖို ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဘာသာပြန်သူနဲ့ အညွှန်းရေးသားသူကတော့ Leoဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း