ဇာတ်ကားများ ရွေးရန်

Ninja Wars: Blackfox Vs Shogun's Ninja

2026ဇာတ်ကားWeb-dl 1080p

အခုတစ်ခေါက် ဇာတ်ကားလေးကတော့ အမိုက်စား နင်ဂျာဇာတ်ကားလေး ဖြစ်တဲ့ Ninja Wars Blackfox Vs Shogun's Ninja ဆိုတဲ့ ဂျပန် နင်ဂျာ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ တိုကူဂါဝါအစိုးရထံ သစ္စာခံခဲ့ကြပေမယ့် နင်ဂျာ အများစုဟာ ဖျက်စီးခံခဲ့ရပါတယ်။ လူသား​တွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ခံခဲ့ရရုံသာမက ဘုရားသခင်ရဲ့ စွန့်ပစ်ခြင်းကိုပါ ခံခဲ့ရတယ်လို့ခံစားနေရတဲ့ ဒန်နိုဂျိုတစ်ယောက် လက်စားချေလိုစိတ်တွေ ပြင်းထန်လာခဲ့ပါတယ် ဒီလိုနဲ့ တတိယမျိုးဆက် ရှိုးဂန်းလက်ထက်မှာ အဲဒိုမြို့မှာ ဖြစ်ပွားခဲ့တဲ့ အာဏာလုပွဲနဲ့ ပုန်ကန်မှုတွေကြား နင်ဂျာတွေဟာ မြေစာပင် ဖြစ်ခဲ့ရတယ်။ ဒါကြောင့်ပဲ နင်ဂျာတွေက သူတို့ရဲ့ နင်ဂျာကမ္ဘာသစ်ကြီးကို တည်ထောင်ဖို့ ရှိုးဂန်းအစိုးရကို ဖြုတ်ချဖို့ ကြိုးစားကြပါတော့တယ်။ မြေခွေးဂိုဏ်းရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ရစ်ကာ အီဆူရူဂီဟာ ရှိုးဂန်းအစိုးရကို ပုန်ကန်ဖို့ကြံစည်နေတယ်လို့ သံသယရှိတဲ့အတွက် လျှို့ဝှက်ဆန်းကြယ်တဲ့ ဂိုဏ်းတစ်ခု ဖြစ်တဲ့ ကြာဖြူဂိုဏ်းက စုံစမ်းစစ်ဆေး ခဲ့ပါတယ်။ သူ့တာဝန်အရ ရှိုးဂန်းက စေလွှတ်လိုက်တဲ့ ဖူးမားနင်ဂျာ တစ်ဦးဖြစ်တဲ့ အိုကျိုနဲ့ ဆုံတွေ့ခဲ့ပါတယ်။ တိုကူဂါဝါ မိသားစုအပေါ် အမုန်းကြီးမုန်းပြီး လက်စားချေလိုတဲ့ ဟန်ဇိုဟတ်တိုရီရဲ့ အီဂါနင်ဂျာမျိုးနွယ်စုနဲ့ အတူတွေ့ဆုံချိန်မှာတော့ နင်ဂျာတွေရဲ့ အနာဂတ်က ဘာဆက်ဖြစ်မှာလဲ နင်ဂျာ နိုင်ငံသစ်ကို တည်ထောင်နိုင်မှာလား... မြေခွေးမျိုးနွယ်စု ဖူးမားနင်ဂျာနဲ့ အီဂါနင်ဂျာတို့အကြား သုံးပွင့်ဆိုင် ပဋိပက္ခကြီးတစ်ခု စတင်လာချိန်မှာတော့..... ကဲ ဒီလို စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေတဲ့ အမိုက်စား နင်ဂျာဇာတ်ကားကောင်း တစ်ကားကို အခုပဲ ကြည့်ရှုလိုက်ပါနော်....

ဇာတ်လမ်းအကြောင်း