G-Force
* Movie Request ထဲကဇာတ်ကားဖြစ်ပါတယ် ဒီတစ်ခါမှာတော့ ပူး စပိုင်လေးတွေရဲ့ အက်ရှင်ကားဟောင်းတစ်ကားကို တင်ဆက်ပေးပါမယ်။ ကားဟောင်းတွေရဲ့ အားသာချက်က ပြန်ကြည့်လိုက်တိုင်း အရင်ကနဲ့ မတူတဲ့ ဒီဘက်ခေတ် အမြင်နဲ့ ခံစားချက်ကို ပြန်ခံစားနိုင်တာပါပဲ။ ပူးနဲ့ စပိုင်ဆိုတာ တကယ်တော့ ဆန့်ကျင်ဖက်စာလုံးတွေဆိုပေမဲ့ တကယ်ကို ဒီပူး ၄ ကောင်က အထူး အေးဂျင့်တွေပါ။ အတိအကျ ပြောရရင်တော့ အထူးအေးဂျင့် အလောင်းအလျာပေါ့။ ဘာလို့ဆို FBI က သူတို့ကို အသိအမှတ်မပြုရသေးလို့ပါ။ တစ်နေ့မှာတော့ သူတို့ကို ကွင်းဆင်းဖို့ အခွင့်အရေးတောင် မပေးဘဲ ဌာနကနေ ရန်ပုံငွေ ဖြတ်တောက်ဖို့ လုပ်နေမှန်း သိရတဲ့အခါမှာတော့ ဘင်နဲ့ စပိုင်ပူးလေးတွေက FBI ရဲ့ ၂ နှစ်တာ ကြိုးပမ်းနေတဲ့ ပရောဂျက်ကို တစ်ညအတွင်း အောင်မြင်အောင် လုပ်ပြခဲ့ပါတော့တယ်။ အဲဒါကတော့ ကမ္ဘာကြီးကို မျိုးသုန်း သတ်ဖြတ်ချင်နေတဲ့ ဆေးဘားထုတ် စက်ရုပ်တွေ အကြောင်း သက်သေ ခိုးယူတာပါ။ ဒါပေမဲ့ တကယ်တမ်း တင်ပြတဲ့ အချိန်မှာ အမှားအယွင်း ဖြစ်ပြီး ပူးလေးတို့ ဌာနကို အထက်က ဖိအားပေး ပိတ်ချလိုက်ပါတယ်။ အဲဒီမှာ သူတို့တွေ အသက်ရှင်ဖို့ ရုန်းကန်ရင်း သူတို့ရဲ့ မစ်ရှင်ကို ဘယ်လို ပြန်ကြိုးစားမလဲ ဆိုတာကို ချစ်စရာ ပူးလေးများရဲ့ အမိုက်စား စွန့်စားခန်း တလျှောက် လိုက်ပါ ကြည့်ရှုနိုင်ဖို့ တင်ဆက်လိုက်ရပါတယ်။
ဇာတ်လမ်းအကြောင်း