ဇာတ်ကားများ ရွေးရန်

Razor

2026ဇာတ်ကားWeb-dl 1080p

အက်ရှင်ကားကောင်းကောင်းမျှော်နေတဲ့ ပရိသတ်ကြီးအတွက် နောက်ဆုံးထွက် တီလဂူးလ်အက်ရှင်ကားသစ်လေးကို တင်ဆက်ပေးချင်ပါတယ်။ တောင်ပိုင်းကားပီပီ ကြမ်းရမ်းပြထားပြီး မင်းသားကလည်း သဘာဝကျကျနဲ့ ကြမ်းပြထားတာမို့ အက်ရှင်ကားပရိသတ်တွေ အကြိုက်တွေ့စေမှာပါပဲ ဇာတ်လမ်းအကျဉ်းကတော့ တီဂျူးဆိုတဲ့ကလေးမလေးတစ်ယောက်ဟာ သူ့မွေးနေ့မှာပဲ မိဘနှစ်ပါးလုံးလည်း ရှေ့မှာတင်အသတ်ခံရ သူကိုယ်တိုင်လည်း အဲဒါရဲ့မျက်မြင်သက်သေဖြစ်နေလို့ သူ့မိဘကိုသတ်သွားခဲ့သူတွေရဲ့ ပစ်မှတ်ထားလိုက်လံသတ်ဖြတ်ခြင်း ခံရပါတော့တယ်။ အဲဒါကို ရူဒရာလို့ခေါ်တဲ့ တိရစ္ဆာန် Spa က ဘဲကြီးက သူနဲ့ခင်နေတဲ့ တီဂျူးလေးကို ဝင်ကူညီပေးရင် ဒီအမှုကြီးရဲ့နောက်က အင်အားကြီးရန်သူတော်တွေကို ရင်ဆိုင်ပါတော့တယ်။ တစ်နွယ်ငင်တစ်စင်ပါနဲ့ တစ်ဖွဲ့ပြီးတစ်ဖွဲ့စာရင်းလာရှင်းတာကို ရှယ်ဖြုတ်ပြတာကို ကြည့်ရှုအားပေးရမှာပါ။ ဇာတ်လမ်းလေးကတော့ ရိုးရှင်းပေမယ့် ဇာတ်လမ်းထဲမှာသုံးထားတဲ့ တစ်ဆင့်ချင်းစီ ဖြေရှင်းသွားပုံတွေ...ရတနာသိုက်ရှာပုံတော်ပုံစံမျိုး စကားထာတွေဘာတွေနဲ့ အထာကျကျအဖြေရှာပြရတဲ့ပုံစံတွေကြောင့် ကြည့်ရှုသူတွေအတွက် သဘောကျမိစေမှာအမှန်ပဲဖြစ်ပါတယ်။ အက်ရှင်ကားကောင်းကောင်း ကြိုက်နှစ်သက်သူတွေအတွက် လက်မလွှတ်သင့်တဲ့ဇာတ်ကားလေးဖြစ်လို့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။

ဇာတ်လမ်းအကြောင်း