That Time I Got Reincarnated as a Slime the Movie: Tears of the Azure Sea
အခုတစ်ခေါက်ဇာတ်ကားလေးကတော့ Slimeဆိုတဲ့ ပက်ကျိကားလေးဖြစ်ပါတယ် Manga စီးရီးကနေ movieအဖြစ်ထွက်ရှိလာတဲ့ ဂျပန် Anime ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ ရီမုရုစံနဲ့သူ့သူငယ်ချင်းတစ်သိုက် ခိုင်ယန်တိုင်းပြည်ကို ခရီးထွက်လာကြရင်း ပင်လယ်ကြမ်းပြင်ကနေ အစွမ်းထက်တဲ့ စွမ်းအင်တုံ့ပြန်မှုတစ်ခုကို ခံစားမိကြပါတယ်။ အဲဒီနောက်မှာတော့ ဇိုဒွန်ဆိုသူရဲ့ နောက်ကွယ်က ကြံစည်မှုနဲ့အတူ ရေနဂါးကြီး ပြန်လည်ရှင်သန်လာပါတော့တယ်။ ရေနဂါးကြီးရဲ့ ခန္ဓာကိုယ်က ပင်လယ်ရေတွေနဲ့ ဖွဲ့စည်းထားပြီး ပင်လယ်ရှိနေသမျှ ကာလပတ်လုံး ဘယ်တော့မှမသေနိုင်တဲ့ အထူးစွမ်းအားကို ပိုင်ဆိုင်ထားပါတယ်။ အဲဒီရေနဂါးရဲ့ ဗဟိုချက်နဲ့ ဆက်သွယ်ပေးနိုင်တဲ့သူကတော့ ခိုင်ယန်ပြည်က ယူရာစံဆိုတဲ့ မိန်းမပျိုလေးပဲ ဖြစ်ပါတယ်။ ဇိုဒွန်ဟာ ယူရာကို အတင်းအကျပ် လက်ထပ်ပြီး ကမ္ဘာကြီးကို အုပ်စိုးဖို့ ကြိုးစားလာတဲ့အခါမှာတော့ ..... ရီမုရုစံ ဂိုဘာတာနဲ့ သူ့အဖော်တွေက တိုင်းပြည်နဲ့ ယူရာစံကို ကယ်တင်ဖို့အတွက် ရေနဂါးနဲ့ ဇိုဒွန်ကို တိုက်ခိုက်ကြပါတော့တယ်။ ကဲ အဆုံးသတ်မှာရော ရေနဂါးကြီးနဲ့ နောက်ကွယ်က ကြိုးကိုင်နေသူ ဇိုဲဒွန်ကို ယူရာစံနဲ့ ဂိုဘာတာလို့ခေါ်တဲ့ မှင်စာ ပက်ကျိလေးတို့က အနိုင်တိုက်ပြီး ခိုင်ယန်တိုင်းပြည်ကို ကယ်တင်နိုင်ပါ့မလား... ယူရာစံကို အချစ်ကြီးချစ်နေတဲ့ ပက်ကျိတစ်ယောက်ကရော သူ့အချစ်ရေး အဆင်ပြေပါ့မလား ဒီလိုမျိုး အချစ် အလွမ်း အက်ရှင် စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေတဲ့ ဇာတ်ကားကောင်းလေးကို Animation ချစ်သူတွေအနေနဲ့ လက်လွှတ်မခံသင့်ပါဘူး ဂျပန် Anime ဇာတ်ကားကောင်းလေးဖြစ်တာမို့ အခုပဲ ကြည့်ရှုလိုက်ပါနော်
ဇာတ်လမ်းအကြောင်း