ဇာတ်ကားများ ရွေးရန်

Capote

2005ဇာတ်ကားBlu-ray 1080p

မျက်ရည်ဖြိုင်ဖြိုင် ကျစေမဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်း ဒီဇာတ်လမ်းဟာ ၁၉၆၆ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ စာရေးဆရာ ထရူးမန်း ကာပုတီရဲ့ လက်ရာကောင်း In Cold Blood ဆိုတဲ့ စာအုပ်ရဲ့ နောက်ကွယ်က ဖြစ်ရပ်မှန်ကို ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။ ဒီစာအုပ် မတိုင်ခင်မှာ စာရေးဆရာ ကာပုတီက Breakfast in Tiffany's ဆိုတဲ့ စာအုပ်နဲ့ နာမည်ရလာပေမဲ့ အရေးအသားကြောင့်လည်း ဝေဖန်နေခဲ့ရတဲ့ အချိန်ပါ။ အဲဒီအချိန်မှာပဲ ကန်းဆပ်စ်က လယ်တောအိမ်မှာ မိသားစု လေးယောက်ကို ကြိုးတုပ်ပြီး ရက်ရက်စက်စက် ပစ်သတ်ခဲ့တဲ့ အမှုကို ကာပုတီ ဖတ်မိလိုက်ရာကနေ သူငယ်ချင်း နဲလ်နဲ့အတူ သွားပြီး သတင်းယူပါတော့တယ်။ သိပ်မကြာခင်မှာပဲ လူသတ်သမား ၂ ယောက်ကို ဖမ်းမိပြီး ကာပုတီလည်း လူသတ်သမားတွေနဲ့ တွေ့ပြီး သတင်းယူရာကနေ စာအုပ်ဆက်ရေးဖို့ အကြောင်းအရာ တွေ့သွားပါတော့တယ်။ ဒါပေမဲ့ ဒီလူသတ်သမားတွေဟာ ကြိုးမိန့် ပေးခံရဖို့ သိပ်မလိုတော့တာကြောင့် ကာပုတီဟာ သူ့ကိုယ်ပိုင် ပိုက်ဆံကို စိုက်ထုတ်ပြီး အယူခံဝင်ဖို့ ရှေ့နေ ရှာပေးခဲ့ပါတော့တယ်။ လူသတ်သမားတွေနဲ့ ပိုပြီး စကား ပြောကြည့်လေလေ ကာပုတီ ပိုပြီး စိတ်ဝင်စားလာလေပါပဲ။ အထူးသဖြင့် ပယ်ရီပါပဲ။ နူးညံ့၊ ယဉ်ကျေးပြီး အများနဲ့ မတူတဲ့ အမြင်ရှိတဲ့ သူ့ကြောင့် ကာပုတီ ဒီစာအုပ်ကို ဆက်ရေး ဖြစ်သွားတာပါ။ ဒါပေမဲ့ စာအုပ် ရေးပြီးခါနီးလေ အခြေအနေတွေက တဖြည်းဖြည်း ပိုဆိုးလာပါတယ်။ ဇာတ်သိမ်းအတွက် လူသတ်သမားတွေကို ကြိုးမိန့်ပေးရမှာပေမဲ့ အခုထိ ပယ်ရီတို့က အဆင့်ဆင့် အယူခံဝင်ရင်း ၃ နှစ်လောက် ကြာသွားပါတယ်။ အချိန်ကြာလာတာနဲ့အမျှ စာရေးဆရာ ကာပုတီလည်း သူ့စာအုပ်အတွက် စိတ်ပူလာခဲ့ရပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း သူနဲ့ တူညီတဲ့ ငယ်ဘဝရှိခဲ့တဲ့ ပယ်ရီကိုလည်း သူ တွယ်တာလို့ လာခဲ့ပါတယ်။ သူတို့ ၂ ယောက် အကြောင်းကိုလည်း စာရေးဆရာ ကာပုတီက “သူနဲ့ ငါက တစ်အိမ်တည်းမှာ နေကြတဲ့ ကလေးတွေလိုပဲ။ ဒါပေမဲ့ သူက နောက်ဖေးတံခါးကနေ ထွက်သွားပြီး ငါကတော့ အရှေ့တံခါး ကနေ ထွက်သွားတယ်” လို့ တင်စားခဲ့ဖူးပါတယ်။ တစ်ဖက်မှာ သံဃောဇဉ်၊ တစ်ဖက်မှာတော့ ကိုယ့်တစ်သက်တာလုံးမှာ အကောင်းဆုံး ဖြစ်လာနိုင်တဲ့ စာအုပ်... တစ်ခုခုကို ရွေးချယ်ဖို့က ခက်ခဲပြီး ဘယ်တစ်ခုမှလည်း အကောင်းဆုံး ဖြစ်မနေခဲ့ပါဘူး။ အဲဒါ‌တွေ အပြင် နောက်ဆုံးမှာ ပယ်ရီဆီကကြားလိုက်ရတဲ့ လူသတ်မှု နောက်ကွယ်က တကယ့်အကြောင်းအရင်း... ပါဝင်ပစ္စည်းအနေနဲ့ ဖြစ်ရပ်မှန် တစ်ခုတည်းသာ ပါဝင်ပြီး အပိုဆားဒါး ဘာမှ မပါဝင်တဲ့ ဒီဇာတ်ကားကို ပရိသတ်ကြီးဆီကို အခုပဲ တည်ခင်းပေးလိုက်ပါတယ်။

ဇာတ်လမ်းအကြောင်း