ဇာတ်ကားများ ရွေးရန်

Trapped

2025ဇာတ်ကားBlu-ray 1080p

ဒီတစ်ခေါက်မှာတော့ သည်းထိတ်ရင်ဖို မှုခင်းကားကြိုက်နှစ်သက်သူတွေအတွက် ဒါရိုက်တာ Sagaraနှင့် Qi Zhangတို့ ပူးတွဲရိုက်ကူးထားသော "Trapped - 2025" ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။ ဇာတ်လမ်းအကျဉ်း ၁၉၉၅ ခုနှစ် တရုတ်နယ်စပ်က မန်ယာဆိုတဲ့ မြို့ငယ်လေးဟာ အပြင်လောကနဲ့ အဆက်အသွယ်မရှိဘဲ တိတ်ဆိတ်စွာတည်ရှိနေခဲ့ပါတယ်။ တစ်နေ့မှာတော့ ထောင်ကနေထွက်ပြေးလာတဲ့ ဓားပြခေါင်းဆောင် ပေရှန်းဦးဆောင်သောအဖွဲ့ဟာ မြို့ငယ်လေးကို ရုတ်တရက်ဝင်စီးပြီး လောင်စာဆီနဲ့ ဆက်သွယ်ရေးစနစ်တွေအားလုံး ဖြတ်တောက်ခံလိုက်ရတာကြောင့် မြို့တစ်မြို့လုံးဟာ ကူကယ်ရာမဲ့အခြေအနေကို ရောက်သွားရပါတော့တယ်။မြို့ငယ်လေးမှာတော့ ရဲအရာရှိသုံးယောက်နဲ့ သေနတ်တစ်လက်သာရှိသောကြောင့် ခေါင်းဆောင်ရှရန်ဟာ မြို့သူ/မြို့သားတွေကိုကာကွယ်ရန်အစွမ်းကုန်ကြိုးစားရပါတော့တယ်။တစ်ဖက်မှာလည်း ဓားပြအဖွဲ့အတွင်း လောဘ အာဏာနဲ့ သစ္စာဖောက်မှုတွေကြောင့် အချင်းချင်းကြားမှာ သံသယတွေပေါက်ဖွားလာပြီး တဖြည်းဖြည်း ပြိုကွဲစပြုလာပါတယ်။ အရာရှိရှရန်ဟာ ထိုအခြေအနေကိုအခွင့်ကောင်းယူပြီး ပြင်းထန်တဲ့ သဲမုန်တိုင်းကြားထဲမှာ ဓားပြခေါင်းဆောင်ကျိုးပေရှန်းလက်ထဲမှ မြို့ငယ်လေးနဲ့ ဓားစာခံတွေကို ကယ်တင်ဖို့ကြိုးစားပါတော့တယ်။ရှရန်တစ်ယောက် မန်ယာမြို့လေးကို ကယ်တင်နိုင်ပါ့မလား..?တရားမျှတမှုကို လက်ကိုင်ထားပြီး လူဆိုးတွေကို ရှင်းလင်းနိုင်ပါ့မလား...?တရားမျှတမှုကိုရရှိဖို့အတွက် ဘယ်လိုတန်ဖိုးတွေကို ပေးဆပ်ခဲ့ရလဲဆိုတာကို ဇာတ်ကားလေးနဲ့အတူ ကြည့်ရှုခံစားလိုက်ပြရအောင်နော်။ ဒီဇာတ်ကားဟာဆိုရင်တော့ အက်ရှင်ခန်းတွေတင်မကဘဲ လောဘ..သစ္စာတရား.. သစ္စာဖောက်မှုနဲ့ လူ့သဘာဝကိုပါ အလေးထားဖော်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Chii ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း