Lockbox
Ellen က သူ့အမေဆုံးသွားတဲ့ ဝမ်းနည်းမှုတွေကနေ အေးအေးဆေးဆေး သက်သာရာရဖို့ တိတ်ဆိတ်တဲ့ တောရွာလေးတစ်ရွာကို ပြောင်းလာခဲ့ပါတယ်။ သူ့ဘဝသစ်လေးကို အေးချမ်းစွာ ဖြတ်သန်းချင်ခဲ့ပေမယ့်၊ စိတ်ဒဏ်ရာတွေကြောင့် ခြောက်ခြားနေတဲ့ သူ့ရဲ့ဝမ်းကွဲမောင်လေး Winthrop ကို ခေါ်ယူစောင့်ရှောက်လိုက်ရတဲ့ အချိန်မှာတော့ အဲဒီမျှော်လင့်ချက်တွေ အကုန်ပျက်စီးသွားခဲ့ရပါတယ်။ သူတို့မောင်နှမနှစ်ယောက်ရဲ့ တိတ်ဆိတ်တဲ့ နေထိုင်မှုဘဝလေးက ထူးဆန်းတဲ့ အိမ်နီးချင်းတစ်ယောက်ရောက်လာပြီး Winthrop က အရမ်းအန္တရာယ်များတဲ့သူလို့ လာသတိပေးတဲ့အချိန်မှာ လုံးဝကို ပြောင်းလဲသွားပါတယ်။ အဲဒီအချိန်ကစပြီး သူတို့ပတ်ဝန်းကျင်မှာ အဖြေရှာမရတဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်တွေ ဆက်တိုက်ဖြစ်လာတော့တာပါပဲ။ တကယ့်တကယ်က Winthrop ရဲ့ နောက်ကွယ်မှာ သူ့ကို အပိုင်ရဖို့ လိုက်ရှာနေတဲ့ ရက်စက်တဲ့ နာမ်လောကက မိစ္ဆာတစ်ကောင် ရှိနေတာပါ။ ဒီလို အမှောင်ထုရဲ့ ခြိမ်းခြောက်မှုတွေကြားမှာ Ellen က သူ့မောင်လေးကို ကာကွယ်ဖို့ အသက်ကိုတောင် ပဓာနမထားဘဲ အရာအားလုံးကို ရင်းပြီး တိုက်ပွဲဝင်ရပါတော့တယ်။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို နတ်ဆိုးတွေ ပိတ်လှောင်တဲ့ သေတ္တာ (Lockbox) အဖြစ် အသုံးချမယ့် ဒီဇာတ်လမ်းက အမှောင်ထုနဲ့ မိသားစုမေတ္တာကို ရင်တမမနဲ့ ကြည့်ရအောင် တင်ဆက်ထားတာပါ။ နာမည်ကြီး Knifepoint Horror Podcast ဇာတ်လမ်းကို အခြေခံပြီး Director Daniel Stamm ရိုက်ကူးထားသလို၊ သရုပ်ဆောင် Carla Gugino, Lou Taylor Pucci နဲ့ Katharine Isabelle တို့ကလည်း အသက်ဝင်အောင် သရုပ်ဆောင်ထားတာမို့ ဒီ Lockbox ကားလေးက တကယ် ဆွဲဆောင်နိုင်မှာ သေချာပါတယ်။
ဇာတ်လမ်းအကြောင်း