Uyir
ဒုရဲအုပ် အာဂျစ်က ငယ်ငယ်တုန်းက ညီမဖြစ်သူ ရထားပေါ်မှာ ပျောက်ဆုံးသွားခဲ့တာကြောင့် ရထားကို ဘယ်တော့မှမစီးတော့ဘဲ စိတ်ဒဏ်ရာရနေသူတစ်ဦးပါ။ တစ်နေ့မှာ ရေတွင်းပျက်တစ်ခုထဲမှာ လူသေအလောင်းတစ်ခု တွေ့တယ်ဆိုပြီး အာဂျစ်ရဲ့ ရဲစခန်းကို ဖုန်းဝင်လာခဲ့ပါတယ်။ သေဆုံးသူက လက်မောင်းမှာ ရာဂျူ ဆိုတဲ့တက်တူးနဲ့ ကလေးနှစ်ယောက်အမေ ရှိုဘာ ဆိုတဲ့အမျိုးသမီးပါ။ အာဂျစ်နဲ့ လက်ထောက်ရဲအရာရှိဂျို တို့က အဲ့ဒီအမှုကိုလိုက်ရင်း သေဆုံးသူရဲ့ယောက်ျား ရာဂျူ ဆိုတဲ့လူကို ရှာတွေ့ခဲ့ပြီး ရာဂျူရဲ့ပြောကြားချက်အရ သူ့မိန်းမက သူ့အစ်ကိုဝမ်းကွဲနဲ့ဖောက်ပြန်လို့ ကလေးတွေခေါ်ပြီး ထွက်လာခဲ့တာလို့ ထွက်ဆိုခဲ့ပါတယ်။ တကယ်တော့ အမှုက အဲ့ဒီလောက်မရိုးရှင်းပါဘူး။ တကယ့်အဖြစ်မှန်က ဘယ်လိုမျိုးလဲ၊ ဘာကြောင့် ရှိုဘာ သေသွားရတာလဲ ၊ ဒီဖြစ်စဉ်က အာဂျစ်ညီမလေး ပျောက်သွားတဲ့ဖြစ်စဉ်နဲ့ ဘယ်လိုတွေဆက်စပ်နေမလဲဆိုတာကို အာဂျစ်နဲ့ ဂျိုတို့ရဲ့ ဇွဲရှိရှိ စုံစမ်းထောက်လှမ်းကြပုံကို မြင်တွေ့ရမယ့် စိတ်ဝင်စားစရာ မှုခင်းဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ဒုရဲအုပ် အာဂျစ် အဖြစ် မင်းသား Roshan Mathew ၊ လက်ထောက်ရဲအရာရှိ ဂျို အဖြစ် မင်းသားကြီး Baiju Santhosh ၊ ရှာနာ အဖြစ် မင်းသမီး Athulya Chandra နဲ့ ရှိုဘာ အဖြစ် မင်းသမီး Shruthy Menon တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း