ဇာတ်ကားများ ရွေးရန်

Young-ju

2018ဇာတ်ကားWeb-dl 1080p

ယောင်းဂျူဟာ ကားအက်ဆီးဒင့်တစ်ခုကြောင့် မိဘနှစ်ပါးစလုံးကို ဆုံးရှုံးလိုက်ရပြီး မောင်လေးဖြစ်သူနဲ့အတူ ဘဝကို ခက်ခဲစွာ ရုန်းကန်နေရတဲ့ အသက် ၂၀ အရွယ် ကောင်မလေးတစ်ယောက်ပါ။ တစ်နေ့မှာတော့ သူ့ရဲ့ မောင်လေးဖြစ်သူဟာ ပြဿနာတစ်ခုထဲ ပါသွားပြီး လျော်ကြေးငွေ အများကြီးပေးဖို့ လိုအပ်လာပါတယ်။ ငွေရေးကြေးရေး ကျပ်တည်းပြီး ထွက်ပေါက်ပိတ်နေတဲ့ ယောင်းဂျူဟာ သူ့မိဘတွေကို သေဆုံးစေခဲ့တဲ့ အက်ဆီးဒင့်ကို ကျူးလွန်ခဲ့သူတွေဆီကို လိုက်သွားပါတော့တယ်။ အစကတော့ လက်စားချေဖို့ ဒါမှမဟုတ် ငွေတောင်းဖို့ ရည်ရွယ်ချက်နဲ့ သူတို့ဖွင့်ထားတဲ့ ပဲပြားဆိုင်မှာ အလုပ်ဝင်လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ သူ ဘယ်သူဘယ်ဝါမှန်း မသိတဲ့ အဲဒီလင်မယားနှစ်ယောက်က ယောင်းဂျူအပေါ်ကို သမီးအရင်းတစ်ယောက်လို တယုတယနဲ့ နွေးနွေးထွေးထွေး ဆက်ဆံပေးလာတဲ့အခါမှာတော့... သူ့ရဲ့မိဘတွေကို သတ်ခဲ့တဲ့ ရန်သူတွေဆိုတဲ့ အမုန်းတရားနဲ့ သူ့ဘဝမှာ အလိုအပ်ဆုံးဖြစ်နေတဲ့ မိဘမေတ္တာကို အဲဒီလူတွေဆီကနေ ပြန်ရနေတဲ့အပေါ် ယောင်းဂျူတစ်ယောက် ဘယ်လို ရှေ့ဆက်မလဲဆိုတာကို ရင်နင့်စရာ ကြည့်ရှုရမှာပါ။ မှားယွင်းမှုတစ်ခုအပေါ် တစ်သက်လုံး နောင်တရနေတဲ့ ကျူးလွန်သူတွေရဲ့ဘဝနဲ့၊ အမုန်းတရားနဲ့ ခွင့်လွှတ်ခြင်းကြားက ဗျာများရတဲ့ နစ်နာသူတို့ရဲ့ စိတ်ခံစားချက်တွေကို သဘာဝကျကျနဲ့ လေးနက်စွာ ရိုက်ကူးပြထားတဲ့ ကားကောင်းတစ်ကားဖြစ်လို့ အချိန်ပေးကြည့်ရှုဖို့ တိုက်တွန်းချင်ပါတယ်။ ဒီကားကို အညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း