Magic Cop
ဒီတစ်ခေါက်မှာတော့ ကျွန်တော်တို့ငယ်ဘဝရဲ့ အမှတ်ရစရာဇာတ်ကားတွေထဲမှ မင်းသားကြီး(Lam Ching-ying) 林正英ရဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ [Magic Cop 1990]ဆိုတဲ့ ဟောင်ကောင်ဂန္ထဝင်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်နော် ဇာတ်လမ်းအညွှန်း ဒီဇာတ်ကားလေးထဲမှာတော့ Lam Ching-yingဟာ ရဲအရာရှိတစ်ယောက်အဖြစ်ပါဝင်ထားပြီး တာအိုပညာနဲ့ သရဲဝိညာဉ်တွေကို နှိမ်နင်းနိုင်တဲ့အစွမ်းလည်း ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်ပါတယ်။တစ်နေ့မှာ ရဲဌာနနဲ့ဆက်စပ်နေတဲ့ ထူးဆန်းတဲ့အမှုတစ်ခု ဖြစ်ပွားလာပြီး လူသေဆုံးမှုတွေရဲ့နောက်ကွယ်မှာ သာမန်ရာဇဝတ်မှုမဟုတ်ဘဲ သဘာဝလွန်စွမ်းအားတစ်ခု ပါဝင်နေကြောင်းသိလာရပါတယ်။သူဟာ ထိုအမှုကို စုံစမ်းရင်း အန္တရာယ်ရှိတဲ့ ဝိညာဉ်တွေနဲ့ မိစ္ဆာလမ်းစဉ်ကျင့်သုံးတဲ့ ဂန္တမာကိုးပွင့်ဂိုဏ်းနဲ့ရင်ဆိုင်လာရတဲ့အခါမှာတော့ တာအိုမှော်ပညာနဲ့ အစွမ်းထက်သရဲဝိညာဉ်တွေကိုပါ တိုက်ခိုက်နှိမ်နင်းရပြီးအမှုကပိုပြီးရှုပ်ထွေးသွားပါတော့တယ်။ဒါအပြင် သူနဲ့တွဲဖက်ရဲအရာရှိက သဘာဝလွန်စွမ်းအားကို အယုံအကြည်မရှိဘဲ သိပ္ပံပညာကိုပဲ ယုံကြည်တဲ့အခါမှာတော့ သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုကွဲလွဲမှုတွေဖြစ်လာမလဲ..?နှစ်ယောက်သား အလွဲလွဲအချော်ချော်တွေနဲ့ အမှုကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Chii ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း