Secret: Untold Melody
ဒီရုပ်ရှင်ဟာ ၂၀၀၇ ခုနှစ်က ထွက်ရှိခဲ့ပြီး နာမည်ကြီးခဲ့တဲ့ Jay Chouရဲ့ ထိုင်ဝမ်ရုပ်ရှင် "Secret" ကို ကိုရီးယားဗားရှင်းအဖြစ် ပြန်လည်အသက်သွင်း ရိုက်ကူးထားတဲ့ ရိုမန့်တစ်/fantasy အမျိုးအစား ဇာတ်ကားဖြစ်ပါတယ်။ နိုင်ငံခြားမှာ ပညာသင်နေတဲ့ စန္ဒရားပါရမီရှင်လေး ယူဂျွန်းဟာ လက်ကောက်ဝတ်မှာ ပြင်းထန်တဲ့ဒဏ်ရာရသွားတဲ့အတွက် သူ့ရဲ့ဂီတအိပ်မက်တွေ ရပ်တန့်သွားမဲ့အန္တရာယ်နဲ့ ရင်ဆိုင်လိုက်ရပါတယ်။ ကုသမှုခံယူဖို့ တောင်ကိုရီးယားကို ပြန်လာရင်း သူ့အဖေတာဝန်ယူထားတဲ့ ဂီတကောလိပ်မှာ ယာယီကျောင်းဝင်တက်ခဲ့ပါတယ်။ တစ်နေ့မှာတော့ ကျောင်းဝင်းထဲက ဟောင်းနွမ်းနေတဲ့ အစမ်းလေ့ကျင့်ရေးအခန်းလေးဆီကနေ ထွက်ပေါ်လာတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ စန္ဒရားသံစဉ်လေးကို ကြားလိုက်ရပြီး အဲဒီအခန်းထဲမှာ စန္ဒရားတီးနေတဲ့ ဂျောင်အာ လို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ ဂီတကို ဝါသနာပါတဲ့ သူတို့နှစ်ယောက်ဟာ တဖြည်းဖြည်း ရင်းနှီးလာကြပြီး အချစ်ဇာတ်လမ်းလေး စတင်လာခဲ့ပါတယ်။ ဒါပေမဲ့ ဂျောင်အာဆီမှာ လျှို့ဝှက်ချက်တစ်ခု ရှိနေပါတယ်။ တစ်နေ့မှာ ဂျောင်အာ ရုတ်တရက် ပျောက်ကွယ်သွားတဲ့အခါ... ယူဂျွန်းတစ်ယောက် သူ့ကို ပြန်ရှာတွေ့နိုင်ပါ့မလား? ဂျောင်အာရဲ့လျှို့ဝှက်ချက်ကရော ဘာဖြစ်မလဲဆိုတာကို ဂီတသံစဉ် အလွမ်းအဆွေးတွေနဲ့အတူ ရိုမန့်တစ်ဆန်ဆန် ကြည့်ရှုရမဲ့ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဒီကားကို အညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း