Black Fox: Age of the Ninja
ဒီဇာတ်ကားလေးကတော့ Black Fox: Age of the Ninja ဆိုတဲ့ ဂျပန် နင်ဂျာ အက်ရှင် ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ ဆာမူရိုင်းတွေနဲ့ နင်ဂျာတွေ ကြီးစိုးနေတဲ့ အချိန်မှာ... အီဇူရူဂီ ရစ်ကာဆိုတဲ့ မိန်းကလေးဟာ လူ့အသိုက်အဝန်းနဲ့ ကင်းကွာနေတဲ့ နင်ဂျာမျိုးနွယ်စုမှာ ကြီးပြင်းလာတဲ့ တိုက်ခိုက်ရေး ကျွမ်းကျင်တဲ့ မိန်းမငယ်လေး တစ်ယောက်ပါ.... တစ်နေ့ တောင်ပေါ်မှာ လမ်းပျောက်နေတဲ့ မီယာဆိုတဲ့ ထူးခြားတဲ့အစွမ်းတွေ ပိုင်ဆိုင်ထားတဲ့ မိန်းကလေးနဲ့တွေ့ပြီး သူငယ်ချင်းတွေ ဖြစ်သွားကြပါတယ်။ မီယာ့အစွမ်းကို လိုချင်လို့ လိုက်လံ သတ်ဖြတ်သူတွေကို ရစ်ကာက ကွာကွယ်ပေးရင်း အီဇူရူဂီမျိုးနွယ်စုထံ သစ္စာခံခိုင်းခဲ့ပါတယ်။ ဒီလိုနဲ့ နင်ဂျာတွေနဲ့ နီဂိုရိုရှုလူမျိုးတွေကြား တိုက်ပွဲတွေ ပြင်းထန်လာပါတော့တယ်... အီဇူရူဂီ မိသားစုရဲ့ သတ္တမမြောက် ခေါင်းဆောင် ဖြစ်လာမယ့် ရစ်ကာ ရဲ့ ခရီးလမ်းနဲ့ သူ့ရဲ့ ကြင်နာတတ်တဲ့ စိတ်နှလုံး မိသားစုအမွေအနှစ်တိုက်ပွဲတွေနဲ့ တာဝန်ဝတ္တရားတွေအကြား ရပ်တည်ပုံကို အချက်ကျကျ ပုံဖော်ရိုက်ကူးထားတဲ့ အက်ရှင် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ အက်ရှင်ဇာတ်ကားကောင်း တစ်ကားဖြစ်တာနဲ့အညီ တိုက်ခိုက်ရေး အလှတရားတွေ စိတ်ခံစားမှု အပြည့်အဝပါတဲ့ ဇာတ်ဝင်ခန်းတွေနဲ့ နင်ဂျာခေတ်ရဲ့ ရသကို အပြည့်အဝ ခံစားရစေမယ့် ဇာတ်ကားကောင်း တစ်ကားဖြစ်လို့ လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း