Humraaz
* Movie Request ထဲကဇာတ်ကားဖြစ်ပါတယ် ဇာတ်လမ်းအစမှာတော့ အောင်မြင်ချင်စိတ် ပြင်းပြနေတဲ့ အနုပညာရှင် စုံတွဲတစ်တွဲဟာ ဇိမ်ခံအပျော်စီးသင်္ဘောကြီးတစ်ခုပေါ်မှာ ဖျော်ဖြေခွင့် ရသွားခဲ့တယ်။ အဲဒီသင်္ဘောပေါ်မှာပဲ သူတို့ဘဝကို အစစအရာရာ ပြောင်းလဲသွားစေမဲ့ အဖြစ်အပျက်တစ်ခု ကြုံလာရပါတော့တယ်။ အဲဒါကတော့ သင်္ဘောပိုင်ရှင် သူဌေးကြီးက ကောင်မလေးကို မြင်မြင်ချင်း ချစ်မိသွားတာပါပဲ။ ဒီအခွင့်အရေးကို အသုံးချပြီး ကောင်လေးဖြစ်သူက သူဌေးကြီးဆီကနေ ငွေကြေးအမြောက်အမြားရယူဖို့အတွက် ချစ်သူကောင်မလေးကို သူဌေးကြီးနဲ့ ဟန်ဆောင်လက်ထပ်ပြီး ကွာရှင်းဖို့ အကြံပေးလိုက်တဲ့အခါမှာတော့ စိတ်ဝင်စားစရာ ဇာတ်လမ်းလေး စတင်လာပါတော့တယ်။ အစပိုင်းမှာတော့ သူတို့ရဲ့ ငွေလိမ်လည်မဲ့ အစီအစဉ်က ချောချောမွေ့မွေ့ပဲ ဖြစ်နေခဲ့ပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ကောင်မလေးက ကြင်နာတတ်တဲ့ သူဌေးကြီးအပေါ်ကို တကယ် သံယောဇဉ်တွယ်လာတဲ့အခါမှာတော့ အရာအားလုံး ကမောက်ကမ ဖြစ်ကုန်ပါတော့တယ်။ ငွေမက်နေတဲ့ ကောင်လေးကလည်း အစီအစဉ်တွေ ပျက်သွားတဲ့အတွက် ဒေါသတကြီးနဲ့ ခြိမ်းခြောက်မှုတွေ၊ လူသတ်မှုတွေအထိ ကျူးလွန်လာတဲ့အခါ... တကယ်တော့ ဘယ်သူက လူဆိုးလဲ၊ ဘယ်သူက လူကောင်းလဲဆိုတာကို ခန့်မှန်းရခက်လောက်အောင် လှည့်ကွက်တွေနဲ့ ပြည့်နေတာမို့ နောက်ဆုံးမှာ ကောင်မလေးတစ်ယောက် တကယ့်အချစ်စစ်ကို ရွေးချယ်မလား ဒါမှမဟုတ် ငွေကြေးလောဘနောက်ကိုပဲ ဆက်လိုက်သွားမလားဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမဲ့ ကားကောင်းလေးဖြစ်လို့ လက်မလွှတ်တမ်း ကြည့်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။
ဇာတ်လမ်းအကြောင်း