Dhamaal
* Movie Request ထဲကဇာတ်ကားဖြစ်ပါတယ် ဒီဇာတ်ကားလေးကတော့ ရူးကြောင်ကြောင် သူငယ်ချင်းလေးယောက်ရဲ့ ဟာသကားလေးပဲ ဖြစ်ပါတယ်။ ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ အာဒီ၊ မာနာ့ဗ် နဲ့ ဘိုမန်၊ ရွိုင်း တို့သူငယ်ချင်းလေးယောက်က ကြုံရာကျပန်း လိမ်ညာစားသောက် ပျော်ပျော်ပါးပါးနေတတ်တဲ့ ဗရမ်းဗတာ သူငယ်ချင်းတွေပါ။ တစ်နေ့မှာ သူဌေးကြီးတစ်ယောက် ကားအက်ဆီးဒန့်ဖြစ်ပြီး သူ့ရဲ့ ပိုက်ဆံသန်းတစ်ရာ ဖွက်ထားတဲ့နေရာကို အာဒီတို့သူငယ်ချင်းလေးယောက်ကို ပြောပြခဲ့ပါတယ်။ အဲ့ဒီသူဌေးကြီးနောက်ကို ဆယ်နှစ်ကျော်ကြာ လိုက်နေတဲ့ ရဲအရာရှိကြီးကလည်း အဲ့ဒီအကြောင်းကို သိသွားတော့ ပိုက်ဆံတွေ ဝှက်ထားတဲ့နေရာဖြစ်တဲ့ ဘုရားကျောင်းကို သူ့ထက်ငါဦးအောင် အပြေးအလွှားသွားကြရင်း လမ်းမှာ တစ်ယောက်တစ်မျိုးစီ ဒုက္ခတွေ အလွဲတွေနဲ့ ကြုံတွေ့ကြရပါတယ်။ နောက်ဆုံး ပိုက်ဆံဝှက်ထားတဲ့နေရာကို အကုန်ရောက်သွားကြချိန်မှာ ပိုက်ဆံတွေကို တကယ်တွေ့ကြရဲ့လား၊ တွေ့ခဲ့ရင်ရော ဘယ်လိုတွေ ခွဲဝေယူကြမလဲ၊ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကို သူငယ်ချင်းလေးယောက်ရဲ့ အလွဲတွေနဲ့ ဇာတ်ကားတစ်ကားလုံး ခွီနေရမယ့် ဟာသကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အာဒီ အဖြစ် မင်းသား Arshad Warsi ၊ မာနာ့ဗ် အဖြစ် မင်းသား Jaaved Jaaferi ၊ ဘိုမန် အဖြစ် မင်းသား Ashish Chaudhary နဲ့ ရွိုင်း အဖြစ် မင်းသား Riteish Deshmukh တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း