ဇာတ်ကားများ ရွေးရန်

Lost

2025ဇာတ်ကားWeb-dl 1080p

ယွန်းထယ်ဟွာဟာ နိုင်ငံလက်ရွေးစင် သေနတ်ပစ် အားကစားသမားတစ်ဦးဖြစ်ပြီး အဆုတ်ရောဂါကြောင့် သေလုမျောပါးဖြစ်နေချိန်မှာ အဆုတ်အစားထိုးကုသမှုခံယူပြီး အသက်ရှင်ခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ သူအစားထိုးရရှိခဲ့တဲ့ အဆုတ်ဟာ ယာဉ်တိုက်မှုကျူးလွန်ပြီး လူသတ်ခဲ့တဲ့ သူ့ဖခင်အရင်းရဲ့ အဆုတ်ဖြစ်နေခဲ့ပြီး သူ့ဖခင်ကတော့ ခွဲစိတ်ရင်း သေဆုံးသွားခဲ့ပါတယ်။ ဖခင်ဖြစ်သူရဲ့လုပ်ရပ်ကြောင့် အသက်ရှင်ခွင့်ရခဲ့ပေမဲ့ ထယ်ဟွာဟာ ကြီးမားတဲ့ အပြစ်ရှိစိတ်ကို ခံစားရပြီး သေတာထက်ဆိုးတဲ့ စိတ်ဆင်းရဲမှုတွေနဲ့ နေ့ရက်တွေကို ဖြတ်သန်းနေရပါတယ်။ ဒီအပြစ်တွေကို ဆေးကြောဖို့အတွက် ဖခင်ဖြစ်သူ တိုက်သတ်ခဲ့တဲ့ နစ်နာသူရဲ့သမီးဖြစ်သူ ဂွန်းမီဂျီကို လိုက်လံရှာဖွေပါတော့တယ်။ တစ်နေ့မှာတော့ ရွှေဆိုင်တစ်ဆိုင်မှာ မီဂျီက သူ့ရဲ့ရွှေထည်ပစ္စည်းကို ခိုးယူနေတာကို ထယ်ဟွာက သိသွားခဲ့ပေမဲ့ သူ့အဖေတင်နေတဲ့အကြွေး ကြေအောင်ဆိုပြီး လွှတ်ပေးလိုက်ပါတယ်။ ဒါပေမဲ့ မီဂျီက ပျောက်ဆုံးနေတဲ့ မိခင်ကို အတူတူရှာဖွေပေးဖို့ ထယ်ဟွာကို အကူအညီတောင်းလာတဲ့အခါမှာတော့ တရားခံရဲ့သားနဲ့ နစ်နာသူရဲ့သမီးတို့ကြားက ရှုပ်ထွေးတဲ့ကံကြမ္မာတွေ စတင်လာပါတော့တယ်။ ဒီကားဟာ လက်စားချေဇာတ်လမ်းမျိုးမဟုတ်ဘဲ လူသားတွေရဲ့ နက်နဲတဲ့ စိတ်ခံစားချက်၊ အပြစ်ရှိစိတ်နဲ့ ခွင့်လွှတ်ခြင်းဆိုတဲ့ အကြောင်းအရာတွေကို တွေးတောစရာပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ Thriller ဇာတ်ကားတွေနဲ့ ဇာတ်လမ်းအလှည့်အပြောင်းကို ရင်တမမနဲ့ ကြည့်ရတာတွေကို နှစ်သက်သူတွေအတွက် ဒီကားက သေချာပေါက် ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒီကားကို အညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း