A Child of My Own
A Child of My Own (2026) ရုပ်ရှင်ဇာတ်ကားကြီးသည် ခေတ်သစ်လူမှုအသိုင်းအဝိုင်းတွင် စုံတွဲများစွာ ကြုံတွေ့နေရသည့် ကလေးရယူရန် အခက်အခဲနှင့် မိခင်ဖြစ်လိုမှုဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ရုန်းကန်ရမှုများကို သဘာဝကျကျ အသေးစိတ် ပုံဖော်ထားသည့် ရင်ထဲထိရှဖွယ် Drama ရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ အိမ်ထောင်သက် (၅) နှစ်ကျော်သည်အထိ သားသမီးရတနာ မထွန်းကားသေးသည့် ဇနီးမောင်နှံနှစ်ဦးဟာ ဘဝကို ပုံမှန်အတိုင်း ဖြတ်သန်းခဲ့ကြသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ဆွေမျိုး မိတ်ဆွေများ၊ လူမှုအသိုင်းအဝိုင်း၏ "ဘယ်တော့ ကလေးယူမှာလဲ" ဆိုသည့် အမေးစကားများ၊ သွယ်ဝိုက်သော စိစစ်ဝေဖန်မှုများနှင့် ကြုံတွေ့လာရပါတယ်။ ထိုမေးခွန်းများသည် အမျိုးသမီးဖြစ်သူ၏ ရင်ထဲတွင် မသိမသာ ဖိအားများ ဖြစ်ပေါ်လာစေပြီး၊ နောက်ဆုံးတွင် ဆေးရုံသို့ သွားရောက်စစ်ဆေးရန် ဆုံးဖြတ်ခဲ့ကြပါတယ်။ ဆေးဘက်ဆိုင်ရာ ပရိယေသနများနှင့် အသေးစိတ် စမ်းသပ်မှုများ ပြုလုပ်ပြီးနောက်တွင်တော့ သဘာဝအတိုင်း သန္ဓေတည်ရန် အခက်အခဲရှိကြောင်း ဆရာဝန်၏ အတည်ပြုချက်ကို လက်ခံလိုက်ရပါတယ်။ ဒီအသိသည် သူတို့နှစ်ဦး၏ သာမန်အိမ်ထောင်ရေးဆီအတွက် ကြီးမားသော ပြဿနာတစ်ခုဖြစ်လာခဲ့ပါတယ်။ မိခင်တစ်ယောက်ဖြစ်ချင်သည့် ဆန္ဒပြင်းပြလွန်းသော အလီဟာ မည်သည့်နည်းဖြင့်မဆို ကလေးရရှိအောင် ကြိုးစားရန် ဆုံးဖြတ်ခဲ့ပါသော်လည်း ထင်ထားသလောက်အဆင်ပြေချောမေါ့မနေခဲ့ပါဘူး။ သူဟာ ဖန်ပြွန်သန္ဓေသားနည်း (IVF) အပါအဝင် ခေတ်မီ မျိုးဆက်ပွား နည်းလမ်းပေါင်းစုံကို အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း ရလဒ်တိုင်းမှာ ပျက်ကျခြင်းနဲ့သာရင်ဆိုင်ခဲ့ရပါတယ်။ တစ်ရက်မှာသူဟာ ဆေးရုံမှာအလုပ်လုပ်နေရင်း မိုင်ရာဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ အမှတ်မထင်ဆုံတွေ့ခဲ့ပါတယ်။ မိုင်ရာဟာကိုယ်ဝန်ရနေပြီး ယောကျ်ားဖြစ်သူကတာဝန်မယူချင်တာကြောင့် ဒီကလေးကိုမလိုချင်ဖြစ်နေတာပါ။ အဲဒါနဲ့အလီဟာ မိုင်ရာရဲ့ကလေးကိုလိုချင်သွားပြီး မွေးစားဖို့ကြံစည်လိုက်တဲ့နောက်မှာတော့....
ဇာတ်လမ်းအကြောင်း