ဇာတ်ကားများ ရွေးရန်

Salmokji: Whispering Water

2026ဇာတ်ကားWeb-dl 1080p

ဆူအင်းဟာ အွန်လိုင်း road-view service ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့လူပါ။ တစ်နေ့မှာ ဆိုးလ်မြို့ပြင်က ဝေးလံခေါင်ဖျားတဲ့ ရေလှောင်တမံတစ်ခုမှာ သူတို့ရိုက်ကူးထားတဲ့ ဗီဒီယိုတွေမှာ ထူးဆန်းတဲ့ ချို့ယွင်းချက်တွေဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ အဲဒါကြောင့် ဆူအင်းနဲ့ သူတို့အဖွဲ့ဟာ အစားထိုး ဗီဒီယိုအသစ်ပြန်ရိုက်ဖို့ အဲဒီရေလှောင်တမံဆီကို သွားခဲ့ကြပါတယ်။ အဲဒီရေလှောင်တမံရဲ့ နာမည်က ဆာမို့ဂျီ လို့‌ ခေါ် ပြီး အရင်က သုသာန်ဟောင်းတစ်ခုဖြစ်ခဲ့တဲ့နေရာပါ။ သူတို့အဖွဲ့ အဲဒီကိုရောက်တဲ့အခါ ထူးဆန်းတဲ့ ကျောက်တုံးမျှော်စင်တစ်ခုနဲ့ လျှို့ဝှက်ချက်တွေဖုံးကွယ်ထားပုံရတဲ့ အဘွားအိုတစ်ယောက်ကို တွေ့ဆုံခဲ့ရပါတယ်။ ညဘက်ရောက်လာတာနဲ့အမျှ သူတို့ရဲ့ ကင်မရာတွေမှာ ကြောက်မက်ဖွယ်ရာ အရာတွေကို မြင်တွေ့လာရပြီး သူတို့အားလုံး အဲဒီရေလှောင်တမံနယ်မြေမှာ ပိတ်မိနေမှန်း သိလိုက်ရတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ? သူတို့ကရော ဒီနယ်မြေထဲကနေ ဘေးကင်းကင်းထွက်သွားနိုင်ပါ့မလားဆိုတာ... Romance အခန်းတွေမပါဘဲ Horror နဲ့ Suspense ကိုပဲ သီးသန့်အသားပေးရိုက်ကူးထားတဲ့ ဇာတ်ကားမျိုးမို့ ကိုရီးယား သရဲကားကောင်းကောင်းကြည့်ချင်သူတွေအတွက် အထူးအကြံပေးချင်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီကားကို အညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း