Ran
ဒီတစ်ခေါက်ဇာတ်ကားလေးကတော့ Ranဆိုတဲ့ ဂျပန် ရုပ်ရှင်ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ လောဘ အာဏာ လက်စားချေမှု တွေကြားက လူ့သဘောသဘာဝ အကြောင်းကို အက်ရှင်ဆန်ဆန် ရိုက်ကူးပုံဖော်ထားတဲ့ Historical သမိုင်းကြောင်းနောက်ခံ အက်ရှင် ဇာတ်ကား တစ်ကားဖြစ်ပါတယ်။ တစ်ခါတုန်းက ဟီဒဲတိုရ အိချိမိုဂျီ ဆိုတဲ့ သခင်ကြီးမှာ သားသုံးယောက်ရှိပါတယ်။ သူ့ဒေသကို အုပ်ချုပ်တဲ့ သြဇာကြီးမားတဲ့ သခင်ကြီးမှာ ရဲတိုက်သုံးတိုက် ပိုင်ဆိုင်ပြီး စည်းစိမ်ဥစ္စာတွေကလည်း အရမ်းပေါကြွယ်ဝတဲ့ သခင်ကြီး ဖြစ်ပါတယ်။ တစ်နေ့ သူအိုပြီလို့ ခံစားရပြီး သားတွေကို အမွေခွဲပေးဖို့ လုပ်ပါတယ်။အဲဒီလို အမွေခွဲရာမှာ သားသုံးယောက်ကို ရဲတိုက်တစ်တိုက်စီပေးပြီး သားအကြီးဆုံးကို အုပ်ချုပ်ခွင့်အာဏာပါ ပေးလိုက်ပါတယ်။ သူကတော့ သားတွေရဲ့ ရဲတိုက်တွေမှာ အလှည့်ကျ ဧည့်သည်လုပ်ပြီး နေထိုင်မယ်လို့ စိတ်ကူးထားပါတယ်။ဒီလို အမွေခွဲနေရင်း သားအငယ်ဆုံးဖြစ်တဲ့ ဆာဘူရိုက ကလန်ကဆန်ထလုပ်တာနဲ့ အမွေပြတ် စွန့်လွှတ်ပြီး ကျန်တဲ့ သားနှစ်ယောက်ကိုပဲ မြှောက်စားလိုက်ပါတယ်။သူနဲ့သစ္စာရှိ လူယုံဖြစ်တဲ့ အကြံပေးတန်ဂိုကိုပါ သားငယ်ဘက်က ဝင်ပါလို့ အတူတူ နယ်နှင်ဒဏ် ပေးလိုက်ပါတယ်။ သားငယ် ထောက်ပြသလို အကြီးဆုံးသားနဲ့ သားအလတ် ပူးပေါင်းပြီး ဖခင်ကြီးကို တော်လှန်ကြရာမှာ ဘယ်လိုစိတ်ဝင်စားစရာတွေ ထပ်ဖြစ်မှာလဲ.... ဒီဇာတ်ကားဟာ ကြည့်ရှုသူတွေရဲ့ ရင်ထဲမှာ တသသ ဝမ်းနည်းခြင်းနဲ့အတူ လူ့လောကရဲ့သဘောတရားကို လေးနက်စွာ တွေးတောစရာအဖြစ် ကျန်ရစ်စေမယ့် ဂန္တဝင်မြောက် ဇာတ်ကားကောင်း တစ်ကားပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း