Aroopi
ရှေးဟောင်းရုပ်ထုတစ်ခုထဲမှာ ပိတ်လှောင်ခံထားရတဲ့ ကလဲ့စားချေလိုတဲ့ နတ်ဆိုးမဝိညာဉ်တစ်ကောင်အကြောင်းကို ရိုက်ကူးထားတဲ့ သဘာဝလွန် သည်းထိတ်ရင်ဖို ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ နီရန်ဂျာ ဆိုတဲ့ကောင်လေးက အိပ်မက်ဆိုးတွေမက်ပြီး စိတ်ပိုင်းဆိုင်ရာပြဿနာတစ်ခုကို တစ်ယောက်တည်းကြိတ်မှိတ်ခံစားနေရပြီး အလုပ်မှာ အဆင်မပြေမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ မာနာဆိုတဲ့ရှေးဟောင်းနေရာတစ်နေရာမှာ သူခိုးနှစ်ယောက်က ရှေးဟောင်းအိမ်ကြီးထဲက ရုပ်ထုတစ်ခုကို ခိုးယူခဲ့ပြီးတော့ အဲဒီအထဲမှာ အောက်လမ်းနည်းနဲ့ ပိတ်လှောင်ထားတဲ့ ရက်စက်တဲ့ ဝိညာဉ်ဆိုး ရှိနေတာကို သူတို့မသိခဲ့ကြပါဘူး။ ဝိညာဉ်ဆိုးလွတ်မြောက်သွားပြီး အိမ်ကြီးထဲမှာ လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့တာကြောင့် အိမ်ကြီးရဲ့ နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ နီရန်ဂျာက အိမ်ကို ပြန်လာခဲ့ရပါတယ်။ မိသားစုရဲ့ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေ ရှေးဟောင်းကျိန်စာတွေနဲ့အတူ ဝိညာဉ်ဆိုးရဲ့ ခြောက်လှန့်မှုကို ရင်ဆိုင်ရမယ့် နီရန်ဂျာက ဘယ်လိုအခြေအနေတွေကို ရင်ဆိုင်ရမလဲဆိုတာကို လှည့်ကွက်တွေနဲ့ကြည့်ရှုရမယ့် ထိတ်လန့်စရာ သရဲကားတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ နီရန်ဂျာ အဖြစ် မင်းသား Vysakh Ravi ၊ ပက်ဒီနီ အဖြစ် မင်းသမီး Neha Chawla နဲ့ ဆက်ခ်ရှီ အဖြစ် မင်းသမီး Sakshi Badala တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း