It Ends
ညဘက် သူငယ်ချင်းတွေနဲ့ ကားပတ်မောင်းရင်း လမ်းမကြီးက ဘယ်တော့မှ ဆုံးတော့မှာမဟုတ်ဘူးလို့ ခံစားဖူးတဲ့ အခိုက်အတန့်မျိုး ရှိဖူးကြလား။ တကယ်လို့များ အဲဒီလမ်းက တကယ်ပဲ အဆုံးမရှိတဲ့ လမ်းဆိုးကြီး ဖြစ်နေခဲ့ရင် ဘယ်လိုလုပ်မလဲ။ ညဘက် လမ်းမှားကွေ့မိဖို့တောင် လန့်သွားစေမယ့် It Ends ၂၀၂၅ စိတ္တဇ သည်းထိတ်ရင်ဖို ရုပ်ရှင်ကားသစ်ကြီးက ဒီလို ခြောက်ခြားစရာကောင်းတဲ့ ဇာတ်လမ်းမျိုးကို တင်ဆက်ထားတာပါ။ ဇာတ်လမ်းကတော့ ကောလိပ်ကနေ အခုလေးတင် ဘွဲ့ရထားကြတဲ့ သူငယ်ချင်းလေးယောက်ဖြစ်တဲ့ ဂျိမ်းစ်၊ ဒေး၊ ဖစ်ရှာ နဲ့ တိုင်လာ တို့ သူတို့ရဲ့ နောက်ဆုံး ပျော်ရွှင်စရာ ညလေးကို ဖြတ်သန်းဖို့ ညကြီးမိုးချုပ် အစားအသောက်ထွက်ဝယ်ရာကနေ စတင်ပါတယ်။ ဒါပေမဲ့ ပေါ့ပေါ့ပါးပါး စတင်ခဲ့တဲ့ သူတို့ရဲ့ ခရီးစဉ်လေးက လမ်းမှားကွေ့မိပြီး ဘယ်လိုမှ ထွက်ပေါက်ရှာမရတဲ့ တောအုပ်ကြီးထဲက အဆုံးမရှိတဲ့ ကားလမ်းမကြီးပေါ် ရောက်သွားချိန်မှာတော့ အဆိုးရွားဆုံး အိပ်မက်ဆိုးကြီး ဖြစ်လာပါတော့တယ်။ ဆီတိုင်ကီက ဆီလည်းမလျော့၊ မြင်ကွင်းတွေကလည်း ထပ်တလဲလဲနဲ့ နာရီပေါင်းများစွာ မောင်းနှင်ပြီးတဲ့နောက်မှာတော့ သူတို့ဟာ ကားတံခါးအပြင်ဘက်မှာ နားလည်လို့မရတဲ့ ကြောက်မက်ဖွယ် အရာတွေ ဝန်းရံနေတဲ့ ကျိန်စာသင့် လမ်းမကြီးပေါ်မှာ ပိတ်မိနေပြီဆိုတာကို တုန်လှုပ်ဖွယ်ရာ သိလိုက်ရပါတယ်။ ရိုးအီနေတဲ့ ရုတ်တရက် လန့်ဖြတ်သွားစေတဲ့ ဇာတ်ကွက်တွေအစား ဒါရိုက်တာ အလက်ဇန္ဒား အူလွန် ရဲ့ ဒီပွဲဦးထွက် ဇာတ်ကားက ပရိသတ်တွေကို ဇာတ်ကောင်တွေနဲ့အတူ ကားနောက်ခန်းမှာ လိုက်ပါလာရသလိုမျိုး စိတ်ကို အကြီးအကျယ် ခြောက်လှန့် ကစားသွားမှာပါ။ အိပ်စရာ၊ စားစရာ မလိုဘဲ ဒီအဆုံးမဲ့ လမ်းမကြီးပေါ်မှာ ရက်တွေ ကြာလာတာနဲ့အမျှ သူငယ်ချင်းတစ်စုရဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတွေဟာ အဆိုးရွားဆုံး အစမ်းသပ်ခံလာရပါတယ်။ တချို့က စိတ်မလွတ်သွားအောင် နေထိုင်မှုပုံစံတစ်ခု ဖန်တီးပြီး ကြိုးစားနေထိုင်ကြပေမယ့်၊ တချို့ကတော့ ဒါဟာ ငရဲလား၊ ကျိန်စာသင့်နေတာလား ဆိုတာကို တွေးတောရင်း တဖြည်းဖြည်း ရူးသွပ်လာကြတာကို ရင်တထိတ်ထိတ်နဲ့ မြင်တွေ့ရမှာပါ။ ကျဉ်းကျပ်ပိတ်လှောင်နေတဲ့ ခံစားချက်တွေ၊ အမိုက်စား ဒိုင်ယာလော့တွေနဲ့အတူ လူငယ်သရုပ်ဆောင်တွေရဲ့ ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေက ဒီဇာတ်ကားကို ဟာသနဲ့ သည်းထိတ်ရင်ဖို အရသာ အပြည့်အဝ ပေးစွမ်းနိုင်ခဲ့ပါတယ်။ စိတ်ကို လွှမ်းမိုးထားနိုင်တဲ့ တွေးစရာတွေနဲ့အတူ ရင်ခုန်စရာကောင်းတဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားမျိုးကိုမှ ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ရူးသွပ်သူတွေအတွက်တော့ ဒီအဆုံးမရှိတဲ့ ခရီးစဉ်ကြီးက လုံးဝ လိုက်ပါစီးနင်းသင့်တဲ့ ဇာတ်ကားကောင်း တစ်ကားပဲ ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း