Big Chicken: A Fast Food Conspiracy
ဒီတစ်ခေါက်မှာတော့ ဒါရိုက်တာက Liana Stewart ရိုက်ကူးထားတဲ့ Netflix ရဲ့ Documentaryရုပ်ရှင်တစ်ကားဖြစ်တဲ့ "Big Chicken: A Fast Food Conspiracy (2026)" ဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်နော်။ ဇာတ်လမ်းအညွှန်း ကြက်ကြော်တစ်ကိုက်ကိုစားရင်းနဲ့ မေးခွန်းတစ်ခု ပေါ်လာတယ် “ငါတို့ ဘာကြောင့် အသင့်စားကြက်ကြော်ကို ဒီလောက်တောင်စွဲလမ်းနေကြတာလဲ..” ဗြိတိန်ဟာသသရုပ်ဆောင် မိုဂီလီဂန်ဟာ ဒီမေးခွန်းရဲ့အဖြေကိုရှာဖွေဖို့အတွက် တစ်နေ့ကို သုံးကြိမ် ၂၈ ရက်ကြာ ကြက်ကြော်စားပြီး ကိုယ်တိုင်စမ်းသပ်ခဲ့ပါတယ်။ အဲဒီနောက် ကြက်သား Fast Food လောကရဲ့နောက်ကွယ်မှာ ဘာတွေဖြစ်နေသလဲဆိုတာကို စတင်စုံစမ်းပါတော့တယ်။ကြက်တွေကို အမြန်ဆုံးနဲ့ အများဆုံးထုတ်လုပ်နိုင်ဖို့ ဘယ်လိုမွေးမြူကြသလဲ.... Fast Food ကုမ္ပဏီကြီးတွေက လူတွေရဲ့စားသုံးမှုပုံစံအပေါ် ဘယ်လောက်အထိ သက်ရောက်မှုရှိသလဲ…? ကျွန်တော်တို့ နေ့စဉ်စားသုံးနေတဲ့ ကြက်ကြော်တစ်ပိုင်းရဲ့ နောက်ကွယ်မှာ စီးပွားရေး၊ ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘယ်လိုအကျိုးသက်ရောက်တွေရှိနေသလဲ…?ဆိုတာကို မိုဂီလီဂန်စမ်းသပ်မှုတွေနဲ့ စုံစမ်းလေ့လာမှုတွေနဲ့အတူပေါင်းစပ်ထားတဲ့မှတ်တမ်းရုပ်ရှင်အမျိုးအစားလေးပဲဖြစ်ပါတယ်။ Big Chicken: A Fast Food Conspiracy ဟာ လူတိုင်းနီးပါးစားဖူးကြတဲ့ ကြက်ကြော်တစ်ပိုင်းကို သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှု ကျန်းမာရေးနဲ့ အစားအသောက်အပေါ် သက်ရောက်မှုစတဲ့မတူညီတဲ့ရှုထောင့်ကနေ ပြန်လည်တွေးတောလာစေမယ့် မှတ်တမ်းရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Leo ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း