ဇာတ်ကားများ ရွေးရန်

Vadhala

2026ဇာတ်ကားWeb-dl 1080p

ချစ်လွန်းလို့ ရူးသွပ်သွားတယ်ဆိုတဲ့ စကားကို ကြားဖူးကြတယ်မလား။ ဒီရုပ်ရှင်လေးက အချစ်ဆိုတဲ့အရာထက် ကျော်လွန်သွားတဲ့ အစွဲအလမ်းကြီးမှုတစ်ခု ဘယ်လောက်ထိ ကြောက်စရာကောင်းလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။ ဇာတ်လမ်းအစမှာ ယာဉ်တိုက်မှုတစ်ခုကြောင့် ဆေးရုံတင်လိုက်ရတဲ့ ကျောင်းသူလေးတစ်ယောက်ကို ဆရာဝန်ကြီးတစ်ယောက်က သေချာဂရုစိုက်ကုသပေးလိုက်ရာကနေ စတင်ပါတယ်။ ဆရာဝန်ကြီးရဲ့ နွေးထွေးတဲ့ ဂရုစိုက်မှုတွေအောက်မှာ အဲဒီကောင်မလေးက ဆရာဝန်ကြီးကို ရိုးရိုးသားသားချစ်မိသွားတာမဟုတ်ဘဲ ရူးရူးမူးမူးကို စွဲလမ်းသွားပါတော့တယ်။ အစပိုင်းမှာတော့ သာမန်သံယောဇဉ်လေးလို့ ထင်ရပေမဲ့ တဖြည်းဖြည်းနဲ့ ကောင်မလေးရဲ့ အချစ်တွေက ရောဂါတစ်ခုလို ဖြစ်လာတဲ့အခါ ဇာတ်လမ်းက ဘယ်လိုတွေ ဆက်ဖြစ်မလဲ... ဆရာဝန်ကြီးမှာက သာယာပျော်ရွှင်တဲ့ မိသားစုလေးတစ်ခုရှိနေတာကို ကောင်မလေးက လုံးဝလက်မခံနိုင်ဘဲ ဆရာဝန်ကြီးကို သူတစ်ယောက်တည်းပဲ အပိုင်သိမ်းချင်လာပါတယ်။ အဲဒီလို အပိုင်လိုချင်တဲ့ လောဘကြောင့် ဆရာဝန်ကြီးရဲ့ မိသားစုကြားထဲကို ဝင်ရှုပ်ပြီး အမည်မသိစာတွေပို့တာ၊ ဇနီးမောင်နှံနှစ်ယောက် အထင်လွဲပြီး ကွာရှင်းချင်လာအောင် သွေးခွဲတာမျိုးတွေ လုပ်လာပါတယ်။ အဲဒါအပြင် ဆရာဝန်ကြီးရဲ့ မိသားစုထဲက လူတွေကိုပါ အန္တရာယ်ပေးဖို့အထိ ရက်ရက်စက်စက် ကြိုးစားလာပါတော့တယ်။ ဖြူစင်တဲ့ ကျောင်းသူလေးတစ်ယောက်ရဲ့ မျက်နှာဖုံးနောက်ကွယ်မှာ ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ စိတ်ဓာတ်တွေ ပုန်းကွယ်နေလဲ၊ ဆရာဝန်ကြီးတစ်ယောက် သူ့ရဲ့ချစ်လှစွာသော မိသားစုလေးကို ဒီလိုအရူးအမူးစွဲလမ်းနေတဲ့ ကောင်မလေးရန်ကနေ ဘယ်လိုကာကွယ်မလဲဆိုတာကို ဇာတ်ကွက်လှည့်ကွက်တွေနဲ့ စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမဲ့ ကားကောင်းလေးတစ်ကားဖြစ်လို့ လက်မလွှတ်တမ်း ကြည့်ကြည့်ဖို့ ပြောချင်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန် M-Sub Movie

ဇာတ်လမ်းအကြောင်း