Cujo
* Movie Request ထဲကဇာတ်ကားဖြစ်ပါတယ် Cujo ဟာ အမေရိကန်ပြည်ထောင်စု၊ မိန်းပြည်နယ်ရှိ Castle Rock မြို့ငယ်လေးတွင် နေထိုင်သည့် Camber မိသားစု၏ St. Bernard အမျိုးအစား ခွေးကြီးတစ်ကောင် ဖြစ်ပါသည်။ Cujo သည် ကိုယ်ခန္ဓာ ထွားကျိုင်းသော်လည်း စိတ်သဘောထား အလွန်နူးညံ့ပြီး လူခင်သည့် ခွေးကြီးတစ်ကောင် ဖြစ်ပေမယ့် ထိုခွေးကြီး၏ ကံကြမ္မာသည် မြေတွင်းတစ်ခုထဲသို့ ယုန်လိုက်ရင်း ခေါင်းလျှိုဝင်ရာမှ ပြောင်းလဲသွားခဲ့ရပါတော့တယ်။ မြေတွင်းထဲတွင် ရှိနေသော လင်းနို့တစ်ကောင်၏ ကိုက်ခံရခြင်းကြောင့် Cujo ထံသို့ ခွေးရူးပြန်ရောဂါ (Rabies Virus) စတင်ကူးစက်ခဲ့သည်။ ပထမပိုင်းတွင် အမူအယာ အနည်းငယ် ဆန်းကြယ်လာပြီး အလင်းရောင်နှင့် အသံများကို ကြောက်ရွံ့လာခဲ့သော်လည်း ရောဂါရင့်လာသည်နှင့်အမျှ Cujo ၏ စိတ်သည် ရူးသွပ်လာပြီး ဦးနှောက်ကို ဗိုင်းရပ်စ်က ထိန်းချုပ်လိုက်သဖြင့် တွေ့သမျှလူကို တိုက်ခိုက်လိုသည့် သွေးဆာနေသော သားရဲကြီးအဖြစ်သို့ မရှုမလှ ပြောင်းလဲသွားခဲ့ရပါတော့တယ်။ တစ်ဖက်မှာလည်းVic Trenton နှင့် Donna Trenton တို့ ဇနီးမောင်နှံအကြား အိမ်ထောင်ရေး အဆင်မပြေမှုများ ဖြစ်ပေါ်နေပြီး သူတို့မှာ တစ္ဆေများကို ကြောက်တတ်သော ၄ နှစ်အရွယ် သားလေး Tad ရှိပါတယ်။ Vic သည် စီးပွားရေးကိစ္စဖြင့် အခြားမြို့သို့ ခရီးထွက်သွားချိန်တွင် Donna သည် သူမ၏ ဟောင်းနွမ်းနေသော Ford Pinto ကားလေးက အင်ဂျင်ပုံမှန် မလည်ပတ်သဖြင့် ပြင်ဆင်ရန်အတွက် တောကြိုတောင်ကြား သီးခြားခွဲထွက်နေသော Joe Camber ရဲ့ ကားပြင်ရုံသို့ သားဖြစ်သူ Tad ကို ခေါ်ဆောင်၍ မောင်းနှင်လာခဲ့သည်။ ဒါပေမယ့် ကားပြင်ရုံပိုင်ရှင် joe အပါအဝင် အနီးအနားကလူတွေကို Cujo ကကိုက်သတ်ထားလိုက်ပါပြီ။ ဘာမှမသိတဲ့သားအမိနှစ်ဦး ကားပြင်ရုံဆီကိုရောက်တော့ သွေးတွေပေကျံနေတဲ့ cujoကလွဲပြီး ဘယ်သူ့ကိုမှမတွေရတော့ပါဘူး။ Cujo ကသူတို့ကိုတိုက်ခိုက်တာကြောင့် သူတို့ဟာကားနဲ့ထွက်ပြေးမယ်လုပ်ပေမယ့် ကားကစက်နှိုးလို့မရတော့ပါဘူး။ ဒီလိုနဲ့ Tad တို့ သားအမိနှစ်ယောက်နဲ့ ခွေးရူးပြန်နေတဲ့ cujoဆိုတဲ့ခွေးကြီးတို့ ဘယ်လိုတွေတိုက်ခိုက်ပြီး ရုန်းကန်သွားကြမလဲဆိုတာတော့... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန် M-Sub Movie
ဇာတ်လမ်းအကြောင်း