ဇာတ်ကားများ ရွေးရန်

America's Sweethearts

2001ဇာတ်ကားBlu-ray 1080p

* Movie Request ထဲက ဇာတ်ကားဖြစ်ပါတယ် America’s Sweethearts ရုပ်ရှင်ကတော့ Hollywood ရဲ့ နောက်ကွယ်က အချစ်ရေး၊ စီးပွား​ရေးနဲ့ နာမည်ကျော်တွေရဲ့ဘဝတွေကို ဟာသနှောပြီး ရိုက်ကူးထားတဲ့ romantic comedy ဇာတ်ကားတစ်ကားဖြစ်ပါတယ်၊ ဂွမ်ဟယ်ရီဆင် (Catherine Zeta-Jones) နဲ့ အက်ဒီသောမတ်စ် (John Cusack) တို့က Hollywood ရဲ့ နာမည်ကြီးစုံတွဲတစ်တွဲဖြစ်ပြီး ပရိသတ်တွေက သူတို့ကို "အမေရိကရဲ့အချစ်တော် ဆုံတွဲ" လို့ သတ်မှတ်ကြပါတယ်၊ ရုပ်ရှင်ကားပေါင်းများစွာ အတူတူရိုက်ကူးခဲ့ကြပြီး အိမ်ထောင်ပြုခဲ့ကြပေမဲ့ သူတို့ရဲ့အိမ်ထောင်ရေးက အဆင်မပြေဖြစ်ခဲ့ပါတယ်၊ ဂွမ်က စပိန်ကောင်လေးတစ်ယောက်နဲ့ တွဲသွားပြီးတော့ အက်ဒီကတော့ ဂွမ်ရဲ့စိတ်နဲ့ပဲ စိတ်ကျန်းမာရေး ဆေးရုံကို ရောက်သွားခဲ့ပါတယ်၊ ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ နောက်ဆုံးရုပ်ရှင်ကို ကြော်ငြာဖို့အတွက် စတူဒီယိုဘက်က လီဖီးလစ်ပ်စ်ကို အသုံးပြုပြီး သူတို့နှစ်ယောက် အတူတူ ပွဲတက်လာအောင် ကြိုးစားကြပါတော့တယ်၊ ဒီနေရာမှာ ကီကီ (Julia Roberts) ဇာတ်ကောင်ကလည်း အရေးကြီးပါတယ်၊ ကီကီ ဟာ ဂွမ် ရဲ့ ညီမဖြစ်သလို သူ့ရဲ့လက်ထောက်လည်း ဖြစ်တယ်၊ ပရိသတ်တွေက အိမ်ထောင်ရေးအဆင်မပြေဖြစ်လို့ ဂွမ်ကို ဝိုင်းမုန်းကြသလိုဖြစ်ပြီး ဂွမ်တစ်ယောက် စိတ်ဓာတ်ကျနေချိန်မှာ အနားကနေ အားပေးပြီး တိုင်ပင်ဖော်တစ်ယောက် အဖြစ်ရှိနေပေးခဲ့တယ်၊ ဒီဇာတ်ကားရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးအချက်ကတော့ ဟောလိဝုဒ် ရဲ့ “အပြင်ပန်းပုံရိပ်” နဲ့ “တကယ့်ဘဝ” ကြားက ကွာခြားချက် ကို မြင်တွေ့ခွင့်ရတာပါပဲ၊ လူတွေက နာမည်ကျော်စုံတွဲတစ်တွဲကို အရမ်းချစ်စရာကောင်းတယ်၊ ပြီးပြည့်စုံတယ်လို့ မြင်တတ်ကြပေမယ့် သူတို့ဟာလည်း လူ​သားတွေထဲက လူသားတွေဖြစ်ပြီး၊ အောင်မြင်မှုဒဏ်တွေကြားမှာ မလွတ်မလပ် ​ရပ်တည်နေရပုံတွေကို တွေ့ရပါလိမ့်မယ်၊

ဇာတ်လမ်းအကြောင်း