My Little Hero
ယူအီဟန်ဟာ တစ်ချိန်က အောင်မြင်ခဲ့ပေမဲ့ အခုအခါမှာတော့ ကလေးတေးဂီတပြဇာတ်တွေမှာပဲ ဒါရိုက်တာလုပ်နေရတဲ့ မာနကြီးပြီး အတ္တဆန်သူတစ်ယောက်ပါ။ ဒါပေမဲ့ သူ့ရဲ့လျှို့ဝှက်ချက်တော့ သူ့ကိုယ်သူ Manhattanဂီတကျောင်းဆင်းလို့ လိမ်ထားခဲ့တာပဲဖြစ်ပါတယ်။ အီဟန်ဟာ နာမည်ပြန်လည်ရရှိဖို့အတွက် အမေရိကန် Broadway အထိသွားရမဲ့ အကြီးစားဂီတပြဇာတ် လူရွေးပွဲပြိုင်ပွဲကြီးတစ်ခုမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီပြိုင်ပွဲမှာ သူနဲ့ တွဲဖက်ယှဉ်ပြိုင်ဖို့ မဲကျလာသူကတော့ ကိုရီးယား-ဖိလစ်ပိုင် ကပြားလေး ယောင်းဂွမ် ပဲဖြစ်ပါတယ်။ ကောင်လေးက သိပ်ကိုကောင်းမွန်တဲ့ အသံပါရမီရှိပေမဲ့ စနစ်တကျ သင်ယူထားတာမျိုးမရှိသလို ကပြားဖြစ်နေတဲ့အတွက် လူမှုရေးခွဲခြားဆက်ဆံမှုတွေနဲ့လည်း အမြဲရင်ဆိုင်နေရသူပါ။ မာနကြီးတဲ့ ဒါရိုက်တာနဲ့ အခွင့်အရေးဆုံးရှုံးနေရတဲ့ ကလေးငယ်တို့ ပြိုင်ပွဲအတွက် ဘယ်လိုတွေ ရုန်းကန်ကြိုးစားကြမလဲ? အီဟန်ဖုံးကွယ်ထားတဲ့လျှို့ဝှက်ချက်တွေကိုရော အဆုံးထိ ဖုံးကွယ်နိုင်သွားမလား ဆိုတာကို ရင်ခုန်ဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အချိုးအကွေ့တွေက ဇာတ်သိမ်းကို ကြိုတင်ခန့်မှန်းလို့မရအောင် ဆွဲဆောင်ထားနိုင်တာကြောင့် Drama ဇာတ်ကားကောင်းတွေ ကြိုက်နှစ်သက်သူတွေအတွက် လက်မလွှတ်သင့်တဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီကားကို အညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း