Water Park Shark
ပျော်ပျော်ရွှင်ရွှင် ငါးမန်းများနဲ့ လျှောစီးစင် ဒီတစ်ခါမှာတော့ ပရိသတ်ကြီးကို ပင်လယ်၊မြစ်၊ရေကန်၊ရေသေအိုင်တွေမှာ ထရော်မာ ပေးရတာ အားမရသေးလို့ ရေကစားဥယျာဉ်မှာပါ ထရော်မာ ပေးဖို့ ငါးမန်းလေးများနဲ့ ရောက်ရှိလို့ လာပါပြီ။ မြို့ရဲ့ ဂုဏ်ဆောင် ဘောလုံးသမား အော်စတင်က ခြေထောက်ကျိုးသွားတာကြောင့် မွေးရပ်မြေမှာ ရေကူးကန် အစောင့် လုပ်ဖို့ ပြန်လာခဲ့ရပါတော့တယ်။ ဘဝက ဗြုန်းစားကြီး စင်မြင့်ပေါ်ကနေ အလှောင်ပြောင်ခံ ဖြစ်သွားရတာ ခံရခက်ပေမဲ့ ဒီအလုပ်ကို သူ အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ သူ လုပ်နေတဲ့ ရေကစားကွင်းမှာ တစ်ရက်မှာတော့ လျှောစင်တစ်ခု ရေမစီးတာကြောင့် စစ်ကြည့်မိရင်း အကင်ခံထားရတဲ့ ငါးမန်းကြီး တစ်ကောင်ကို တွေ့လိုက်ရပါတော့တယ်။ ရေကစားဥယျာဉ်ထဲက ရေက ပင်လယ်ဘက်ကနေ တိုက်ရိုက်သွယ်ယူတာကြောင့် ပင်လယ်ထဲက လာတာလို့ ယူဆရပေမဲ့ ခက်တာက ဘယ်လမ်းကြောင်းကနေမှန်း မသိရတာပါပဲ။ အဲဒီမှာပဲ အော်စကာနဲ့ ရေကူးကန်အစောင့် အဖွဲ့အပြင် ရည်းစားဟောင်း ရဲမှူးပါ စုံစမ်း စစ်ဆေးဖို့ ပါလာပါတော့တယ်။ ဒါပေမဲ့ ရေကစားဥယျာဉ်ရဲ့ ပိုင်ရှင်တဖြစ်လည်း မြို့တော်ဝန်က အဲဒီအကြံကို လုံးဝ သဘောမတူခဲ့ပါဘူး။ အကြောင်းပြချက် မျိုးစုံပေးပြီး ရေကစားကွင်းကို ပြန်ဖွင့်နိုင်ဖို့ ဖိအား ပေးလာပါတော့တယ်။ အော်စကာတို့ မသိခဲ့တာက ကစားကွင်းရဲ့ အောက်တည့်တည့်မှာ မြို့တော်ဝန်ရဲ့ လျှို့ဝှက် စီမံကိန်း တစ်ခု ရှိနေခဲ့တာပါပဲ။ ဆိုတော့ မြို့တော်ဝန်က ဘာတွေ ကြံစည်နေတာလဲ? လျှို့ဝှက် စီမံကိန်းဆိုတာကရော ဘာများလဲ? ငါးမန်းတွေ ရောက်လာတာကရော ဒါနဲ့ ဘယ်လို သက်ဆိုင်နေမလဲ? အော်စကာတို့အဖွဲ့ရော ဒါကို ဘယ်လို တားဆီးသွားမလဲ ဆိုတာကို ပေါ့ပေါ့ပါးပါး ဟာသနှောပြီး ရိုက်ကူးထားတာမို့ အခုပဲ ရင်ခုန် ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်။
ဇာတ်လမ်းအကြောင်း