ဇာတ်ကားများ ရွေးရန်

Shera

2026ဇာတ်ကားWeb-dl 1080p

ဒီကားလေးကတော့ ညီအစ်ကိုသံယောဇဉ်ကို အခြေခံထားတဲ့ အက်ရှင်ဒရာမာကားကောင်းလေးတစ်ကားလို့ ပြောရမှာပါ။ ဇာတ်လမ်းအစမှာ လူငယ်လေးတစ်ယောက်ဟာ သူ့ကို ငယ်ငယ်ကတည်းက စောင့်ရှောက်ပေးခဲ့တဲ့ အစ်ကိုကြီး ယာဉ်တိုက်မှုနဲ့ ဆုံးပါးသွားတယ်ဆိုတဲ့ သတင်းဆိုးကြောင့် အိမ်ကို ပြန်ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီသေဆုံးမှုဟာ ရိုးရိုးယာဉ်တိုက်မှုမဟုတ်ဘဲ ရင်ဘတ်ကို သေနတ်နဲ့အပစ်ခံရပြီး အကွက်ကျကျ လုပ်ကြံခံလိုက်ရတာဆိုတာကို သိသွားတဲ့အခါမှာတော့ သူ့ရဲ့ ဝမ်းနည်းပူဆွေးမှုတွေက ပြင်းထန်တဲ့ ဒေါသအဖြစ် ပြောင်းလဲသွားပါတော့တယ်။ အစ်ကိုဖြစ်သူက သူ့ကို ဒီလိုသေနတ်တွေ၊ ကျည်ဆန်တွေနဲ့ ပြည့်နေတဲ့ လောကကြီးကနေ အဝေးကိုပို့ထားချင်ခဲ့ပေမဲ့ ကံကြမ္မာရဲ့ လှည့်စားမှုကြောင့် အစ်ကို့ကိုသတ်သွားတဲ့ တရားခံတွေကို ရှာဖွေရင်း သွေးစွန်းနေတဲ့ လမ်းကြောင်းပေါ်ကို သူကိုယ်တိုင် ခြေချလာရတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရမဲ့ဇာတ်လမ်းမျိုးပါ။ ဒီကားရဲ့ အသက်ကတော့ ကိုယ့်လူယုံတွေကပဲ သစ္စာဖောက်သွားတတ်တဲ့ အမှောင်လောကရဲ့ သရုပ်မှန်တွေကို မီးမောင်းထိုးပြထားနိုင်တာပါပဲ။ ရိုးရိုးအေးအေး နေချင်ခဲ့တဲ့ လူငယ်လေးတစ်ယောက်ကနေ အစ်ကို့အတွက် ကလဲ့စားချေဖို့ ဘာမဆိုလုပ်ရဲတဲ့ ရက်စက်တဲ့သူတစ်ယောက်အဖြစ် ပြောင်းလဲသွားပုံတွေကို အက်ရှင်ခန်း အမိုက်စားတွေနဲ့တင်ဆက်ထားပါတယ်။ အက်ရှင်ဒရာမာ အကြမ်းစားတွေနဲ့ ကလဲ့စားချေတဲ့ ကားကောင်းကောင်း တစ်ကားလောက် ကြည့်ချင်နေတယ်ဆိုရင်တော့ ဒီကားလေးကို လက်မလွှတ်တမ်း ကြည့်ကြည့်ဖို့ အကြံပေးချင်ပါတယ်။

ဇာတ်လမ်းအကြောင်း