Tumbadchi Manjula
ဒီဇာတ်ကားလေးကတော့ အိန္ဒိယ Marathi ဘာသာစကားနဲ့ ရိုက်ကူးထားတဲ့ သရဲဟာသ Horror-Comedy ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ ရယ်လဲရယ်ရသလို ရင်ထဲခံစားရမယ့် ဇာတ်ဝင်ခန်းလေးတွေနဲ့ ရသစုံလင်တဲ့ ဇာတ်ကားလေးတစ်ကားပါပဲ။ ဇာတ်လမ်းကတော့ ကီရှက်ဗ် ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ ရွာရဲ့ လူကြီးဖြစ်သူ အစ်ကိုရာဗီရဲ့ ရိုက်နှက်ခံရလို့ အရှက်ရပြီးတော့ ပြန်လက်စားချေချင်တာကြောင့် "သူ့ဆီမှာ မန်ဂျူလာ ဆိုတဲ့ သရဲမ ပူးကပ်နေပါတယ်" ဆိုပြီး လိမ်ညာပြောဆိုလိုက်ခဲ့ပါတယ်။ အလိမ်ကိုတကယ်မှတ်ပြီး ရွာတစ်ရွာလုံး ပရမ်းပတာတွေဖြစ်ပြီး အထက်လမ်းဆရာတွေ၊ ယုံကြည်မှုအလွဲတွေနဲ့ သရဲခြောက်တယ်ဆိုတဲ့ ကောလဟာလတွေ ထိန်းမနိုင်သိမ်းမရ ပြန့်နှံ့သွားခဲ့ပြီး ရှယ်ပလန်နဲ့ သရဲနှင်ပါတော့တယ် နောက်ပိုင်းမှာ မန်ဂျူလာအစစ်ရဲ့ သမီးဖြစ်သူ ရှိုဘာ ရောက်ရှိလာချိန်မှာတော့ ရွာထဲက အယူသီးမှုတွေကြားမှာ ရယ်စရာရော၊ မမျှော်လင့်ထားတဲ့ ဇာတ်လမ်းအလှည့်အပြောင်းတွေပါ ဖြစ်ပေါ်လာခဲ့တာကို ဟာသနှောပြီး ရိုက်ကူးပြထားတာဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ မိသားစုလိုက်အပန်းဖြေကြည့်ရှုနိုင်မယ့်အပြင် ဇာတ်လမ်းသဘောလေးကလည်း မဆိုးတာကြောင့် ကြည့်ရှုဖို့အချိန်ပေးရတာတန်မယ့် ဇာတ်ကားလေးတစ်ကားပါပဲလို့ ညွှန်းဆိုရင်း ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းအကြောင်း