ဇာတ်ကားများ ရွေးရန်

Chompoo: Lost & Forgotten

2026ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကားကတော့ Netflix ကနေ ထွက်ရှိလာတဲ့ ထိုင်းနိုင်ငံရဲ့ ဖြစ်ရပ်မှန် ရာဇဝတ်မှုဇာတ်ကားလေးဖြစ်တဲ့ Chompoo: Lost & Forgotten ဆိုတဲ့ မှုခင်းဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ "ထိုင်းနိုင်ငံရဲ့ အကြီးဆုံးနဲ့ လူပြောအများဆုံး အမှုတစ်ခုရဲ့ နောက်ကွယ်က အမှန်တရား '' ၂၀၂၀တုန်းက ကိုဗစ်ဒဏ်ကို တစ်ကမ္ဘာလုံး ဆီုးဆိုးဝါးဝါး ခံရတဲ့ အချိန်က ဒီအမှုလေး ဖြစ်ပွားခဲ့ပါတယ်။ ထိုင်းနိုင်ငံမြောက်ပိုင်း မုဒါဟန်ပြည်နယ် ကိုကော့ရွာလေးမှာ ချွန်ပူးဆိုတဲ့ သုံးနှစ်အရွယ် ကလေးမလေး ပျောက်ချင်းမလှ ပျောက်ဆုံးခဲ့ပါတယ်။ ရွာသားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ လိုက်ရှာကြရာမှာ သုံးရက်အကြာ လေးရက်မြောက်နေ့မှာ တောင်ပေါ်မှာ ချွန်ပူးကို သေဆုံးလျက်သား ပြန်တွေ့ခဲ့ပါတယ်။ ကလေးတစ်ယောက် လာဖို့ ခက်ခဲတဲ့နေရာဖြစ်လို့ ဒီသေဆုံးမှုကို လူသတ်မှုလို့ ယူဆကာ မိဘတွေက အမှုဖွင့်ခဲ့ပါတယ်။ ၂၀၂၀က အမှုက ၂၀၂၅တိုင် တရားခံ မပေါ်ဘဲ ရှိနေခဲ့ပါတယ် ဒီအမှုဟာ သာမာန်ကလေးပျောက် သေဆုံးမှု မကတော့ဘဲ ဆိုရှယ်မီဒီယာတွေကြောင့် နာမည်ကြီး ရေးပန်းစားကာ Trend ဖြစ်လာခဲ့ပါတယ် ဒီအမှုရဲ့ သံသယရှိသူက ကလေးမလေးရဲ့ ဦးလေးဖြစ်ပြီး အမှုရဲ့ ရေပန်းစားမှုကြောင့် ဦးလေးဖြစ်သူက နာမည်ကြီး ဆယ်လီတစ်ယောက် ဖြစ်လာခဲ့ပါတယ် ။ တရားခံကို ဝန်းရံအားပေးမှုတွေကြောင့်က အမှုက မကြန့်ကြာသင့်ပဲ ကြန့်ကြာနေပြီး တရားရုံးရဲ့ အပြီးသတ် အမိန့်ကို စောင့်ဆိုင်းနေရပါတယ်.... နောက်ဆုံးမှာတော့ သနားစရာ ကလေးမလေး ချွန်ပူးတစ်ယောက် တရားမျှတမှုကို ရရှိသွားမလားဆိုတာ... ဖြစ်ရပ်မှန်ကို စိတ်ဝင်စားဖို့ ကောင်းအောင် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ လူ့အဖွဲ့အစည်းရဲ့ အမှောင်ဖုံးနေတဲ့ ပုံစံ ဆိုရှယ်မီဒီယာရဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ သဘောတရားနဲ့ တရားမျှတမှုကို ဘယ်လိုလွှမ်းမိုးတတ်လဲဆိုတာကို ဖော်ပြပေးနိုင်တဲ့အတွက် True-Crime ဇာတ်ကားကြိုက်နှစ်သက်သူတွေအတွက် လက်မလွှတ်တမ်း ကြည့်သင့်တဲ့ မှတ်တမ်းတင်ဇာတ်ကားကောင်း တစ်ကား ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း