My Captain, Mr. Underground
ဒယ်ချူးဟာ နာမည်ကြီး ရှေးဟောင်းပစ္စည်း ခိုးယူသူ၊ ဂူဖောက်ထွင်းသူ တစ်ဦးဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူဟာ အမျိုးသားအမွေအနှစ်အဆင့်ရှိတဲ့ အလွန်အဖိုးတန်လှတဲ့ ရွှေဆင်းတုတော်တစ်ဆူကို အောင်မြင်စွာ ခိုးယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူခိုးလိုက်ရှာနေတဲ့ကာလမှာ ဆင်းတုတော်ကို သူ့လက်ထဲမထားချင်လို့ ကံအကြောင်းဖန်ပြီး တွေ့ခဲ့တဲ့ ဂျီမင်းဆိုတဲ့ ကလေးမလေးဆီ လိမ်ပြောပြီး အပ်ထားခဲ့ပါတယ်။ ဂျီမင်းဆီကနေတစ်ဆင့် ဗြောင်အို ဆိုတဲ့ ကလေးတစ်ယောက်က အဲဒီဆင်းတုတော်ကို အပျော်သဘောနဲ့ ပြန်ခိုးသွားခဲ့ပါတော့တယ်။ ဒယ်ချူးအတွက် ဒီကလေးနှစ်ယောက်က အလွယ်တကူ အနိုင်ယူလို့ရတဲ့ ပြိုင်ဘက်တွေ မဟုတ်မှန်း သိလာတဲ့အခါ ဉာဏ်ဆင်ရပါတော့တယ်။ သူက ကလေးတွေကို သူ့ကိုယ်သူ "ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးဌာနက အထူးစုံစမ်းစစ်ဆေးရေးမှူး" ဖြစ်တယ်လို့ လိမ်ပြောလိုက်ပြီး အဲဒီဆင်းတုတော်ကို ရှာဖွေရာမှာ ကူညီပေးဖို့ သိမ်းသွင်းပါတော့တယ်။ သူတို့အတူတူ ဆင်းတုတော်ကို လိုက်ရှာကြရင်း ခံစားချက်ကင်းမဲ့တဲ့ လူဆိုးကြီး ဒယ်ချူးနဲ့ အပြစ်ကင်းတဲ့ ကလေးနှစ်ယောက်ကြားမှာ သံယောဇဉ်တွေ တွယ်လာပြီး မိသားစုလို နွေးထွေးတဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်မိသွားတဲ့အခါ... ဒီကားကို အညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း