Gohan
ဒီတစ်ခေါက် ဇာတ်ကားလေးကတော့ ကမ္ဘာတစ်ဝှမ်းက ခွေးချစ်သူတွေ ရင်ထဲထိမိပြီး အရမ်းကြိုက်သွားစေမယ့် Gohan (ဂိုဟန်)ဆိုတဲ့ ခွေးလေးအကြောင်း ရိုက်ကူးထားတဲ့ ထိုင်းဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ လမ်းဘေးခွေးလေးက ဂိုဟန် ဘရောင်နီ ဟီမာ ဆိုပြီး သုံးဘဝ ရှင်သန်ရပ်တည်ခဲ့ပါတယ် ပထမဂိုဟန်ဆိုတဲ့ ဘဝမှာ သူ့သခင်က အငြိမ်းစားယူခါနီး ဂျပန်အဘိုးကြီး ဟီရိုဖြစ်ပါတယ်။ ဟီရိုစံဟာ ထိုင်းနိုင်ငံမှာအင်ဂျင်နီယာအဖြစ် လုပ်ကိုင်ပြီး အသက်ပြည့်လို့ ပင်စင်ယူရတော့ ဂျပန်ကို ပြန်ပြီး အလုပ်လုပ်မှာမို့ ဂိုဟန်ကို သင့်တော်သူလက်ထဲ ထည့်ပေးပြီး ဂျပန်ကို ပြန်တော့မှာပါ ဒါပေမဲ့ ဂိုဟန် မွေးစားဖို့ မပေးရက်ခဲ့ပါဘူး ဒီလိုနဲ့ ဟီရိုစံတစ်ယောက် ကိုဗစ်နဲ့သေဆုံးသွားလို့ ဂိုဟန်လေးဟာ သခင်မဲ့ခဲ့ရပါတယ်။ ဒုတိယ သူ့ဘဝကတော့ မြန်မာနိုင်ငံကနေ အလုပ်လာလုပ်တဲ့ နမ်ချာ ခေါ် အေးရှင်ဆိုတဲ့ မိန်းကလေးလက်ထဲ ရောက်လာပြီး ခွေးဂေဟာ တစ်ခုကနေ ဂိုဟန်ကို ကယ်တင်ခဲ့ပါတယ်။ နမ်ချာက ဂိုဟန်ကို ဘရောင်နီ နာမည်မှည့်ပေးခဲ့ပါတယ်... ဘရောင်နီလေးကို လူဆိုးတွေလက်ထဲကနေ အဝေးကို ရထားနဲ့ တင်ပေးပြီး ကယ်လိုက်ပြန်ပါတယ်။ ဒီလိုနဲ့ လမ်းဘေးခွေးလေးဟာ လူငယ်စုံတွဲ တစ်တွဲရဲ့လက်ထဲ ရောက်ခဲ့ပြန်ပါတယ်...သူတို့က ဘရောင်နီကို ဟီမာလို့ နာမည်ပေးလိုက်ပါတယ်။ တတိယသခင် လက်ထဲမှာတော့ ဂိုဟန်လေးဟာ အသက်အရွယ်လည်း ရလာ သခင်မရခင်မှာ ကောင်းကောင်းမစားရလို့ ကျောက်ကပ်ပျက်စီးပြီး သူ အသက်ရှင်ရဖို့ အချိန် သုံးလပဲ ကျန်ပါတော့တယ်.... ကဲ အချိန်သုံးလအတွင်း ဂိုဟန်လေး ဘာတွေ ဆက်ဖြစ်မှာလဲ သူ့သခင် ကတိတောင်းထားတဲ့အတိုင်း''ထိုင်းမှာ နှင်းတွေမကျမချင်း ဘယ်တော့မှ ခွဲမသွားပါဘူး'' ဆိုတဲ့ တည်သွားမလားဆိုတာကိုတော့.... ဒီဇာတ်ကားဟာ အိမ်မွေးတိရစ္ဆာန် ချစ်သူတွေအတွက်ရော ဘဝရဲ့ ခွဲခွာခြင်းနဲ့ သံယောဇဉ်တန်ဖိုးကို နားလည်ချင်သူတွေအတွက်ပါ ရင်ကိုထိခိုက်စေမယ့် ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ ခွေးလေးတစ်ကောင်ရဲ့ သစ္စာရှိမှုနဲ့ လူသားတွေရဲ့ ချစ်ခြင်းမေတ္တာကို လှပစွာ ပုံဖော်ထားတာကြောင့် လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း