Salt
ဒီတစ်ခါမှာတော့ သစ္စာစောင့်သိမှုနဲ့ လိမ်ညာမှုတွေ၊ သွေးပျက်စရာ အကွက်ဆင်မှုတွေကြားထဲကနေ ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမယ့် Action/Mystery Thriller ကားကြီးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒါကတော့ ဒါရိုက်တာ Phillip Noyce ရိုက်ကူးပြီး ဟောလိဝုဒ် ထိပ်တန်း အက်ရှင်မင်းသမီးကြီး Angelina Jolie က အဓိက ခေါင်းဆောင် ပါဝင်ထားတဲ့ "Salt" ဆိုတဲ့ ဇာတ်ကားကြီးပါပဲ။ ဇာတ်လမ်းလေးကတော့ CIA ရဲ့ စံပြထိပ်တန်း စုံစမ်းရေးအေးဂျင့် 'အီဗလင် ဆော့တ်' ရဲ့ ဘဝကနေ စတင်ထားတာပါ။ တစ်ရက်မှာတော့ CIA ဌာနချုပ်ဆီ ရုရှား အေးဂျင့်ဟောင်းတစ်ဦး ရောက်ရှိလာပြီး အမေရိကန် သမ္မတကိုလုပ်ကြံဖို့ ရုရှားက တိတ်တဆိတ် မွေးမြူထားတဲ့ လျှို့ဝှက်အေးဂျင့်က အခြားသူမဟုတ်ဘဲ "အီဗလင် ဆော့တ်" ကိုယ်တိုင်ပါပဲလို့ စွပ်စွဲပြောဆိုလိုက်ပါတော့တယ်။ တစ်စက္ကန့်အတွင်းမှာပဲ မိမိရဲ့လုပ်ဖော်ကိုင်ဖက်တွေက သူ့ကို ရန်သူအဖြစ် သံသယဝင်ကာ ဖမ်းဆီးဖို့ ကြိုးစားလာတဲ့အခါ ဆော့တ်က သူ့ရဲ့ သစ္စာရှိမှုကို သက်သေပြဖို့နဲ့ ပဟေဠိဆန်ဆန် ပျောက်ဆုံးသွားတဲ့ ခင်ပွန်းဖြစ်သူကို ကယ်တင်ဖို့အတွက် ဌာနချုပ်ထဲကနေ အစီအစဉ်တကျ ထွက်ပြေးလွတ်မြောက်ခဲ့ရပါတော့တယ်။ ဒါပေမဲ့ ဇာတ်လမ်းတလျှောက်မှာ သူဟာ တကယ်ပဲ သစ္စာရှိ CIA အေးဂျင့်လား ဒါမှမဟုတ် ရုရှားရဲ့ ကောက်ကျစ်လှတဲ့ လျှို့ဝှက်သူလျှိုကြီးလား ဆိုတာကို အလှည့်အပြောင်းတွေနဲ့အတူ ကြည့်ရှုရင်းအဖြေရှာရမှာပါ။
ဇာတ်လမ်းအကြောင်း