ဇာတ်ကားများ ရွေးရန်

The Last Salute

2026ဇာတ်ကားWeb-dl 1080p

ယခုတစ်ခေါက် မိတ်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ ၂၀၂၆ ခုနှစ် သြဂုတ်လက Netflix မှာ အသစ်ထွက်ရှိလာခဲ့ပြီး ကမ္ဘာကျော် တိုက်လေယာဉ်တစ်စင်းရဲ့ သမိုင်းကြောင်းနဲ့ လေယာဉ်မှူးတွေရဲ့ ရင်ခုန်စရာ အတွေ့အကြုံတွေကို စိတ်လှုပ်ရှားဖွယ် တင်ဆက်ထားတဲ့ မှတ်တမ်းတင် ရုပ်ရှင်ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့ The Last Salute ပဲဖြစ်ပါတယ်။ ဇာတ်ကားဟာ အိန္ဒိယလေတပ်မှာ နှစ်ပေါင်း ၆၀ ကျော်တိုင်အောင် တာဝန်ထမ်းဆောင်ခဲ့ပြီး သမိုင်းဝင် နာမည်ကျော်ကြားခဲ့တဲ့ MiG-21 တိုက်လေယာဉ်ကြီးရဲ့ နောက်ဆုံးခရီးစဉ်နဲ့ သက်တမ်းတစ်လျှောက် ဖြတ်သန်းလာခဲ့ရတဲ့သမိုင်း‌ကြောင်းကိုရိုက်ကူးထားတာ ဖြစ်ပါတယ်။ MiG-21 တိုက်လေယာဉ်ဟာ စစ်ပွဲတွေ၊ အရေးပါတဲ့ တိုက်ခိုက်ရေး မစ်ရှင်တွေမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့ဖူးသလို၊ တစ်ဖက်မှာလည်း အန္တရာယ်များတဲ့အတွက် ဝေဖန်မှုတွေ၊ စိုးရိမ်စရာ မှတ်တမ်းတွေနဲ့ပါ ရင်ဆိုင်ခဲ့ရတဲ့ လေယာဉ်တစ်စင်း ဖြစ်ပါတယ်။မီဒီယာတွေကပါ ဒီလေယာဉ်ကို ပျံသန်းနေသော အခေါင်းတလား၊ မုဆိုးမများကို ဖန်တီးသူဆိုပြီးပါ နာမည်ပေးခဲ့ကြတာပါ။ ဒီမှတ်တမ်းတင်ဇာတ်ကားထဲမှာတော့ အဲဒီလေယာဉ်ကြီးကို ကိုယ်တိုင် ကိုင်တွယ်ပျံသန်းခဲ့ကြတဲ့ ခေတ်အဆက်ဆက်က လေယာဉ်မှူးကြီးတွေ၊ တပ်ဖွဲ့ဝင်တွေနဲ့ နည်းပညာရှင်တွေရဲ့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို အသေးစိတ် ပြန်လည်ပြောပြတားတာပါ။ မစ်ရှင်တွေ ဘယ်လိုဆောင်ရွက်ခဲ့လဲ၊ ဘယ်လိုအခက်အခဲတွေ ကြုံခဲ့ရလဲစတာတွေအပြင် လေယာဉ်ပေါ်က အံ့ဩမှင်သက်စရယမြင်ကွင်းတွေ၊ သမိုင်းဝင် မှတ်တမ်းဓာတ်ပုံနဲ့ ဗီဒီယိုဖိုင်တွေအပြင် ဒီလေယာဉ်အပေါ် ထားရှိတဲ့ လေယာဉ်မှူးတွေရဲ့ လေးနက်တဲ့ ခံစားချက်တွေ၊ သံယောဇဉ်တွေကိုပါ ပေါ်လွင်အောင် ရိုက်ကူးပြထားတာပါ။ စစ်ဘက်ဆိုင်ရာ သမိုင်းကြောင်းတွေ၊ လေကြောင်းတိုက်ပွဲတွေ တိုက်လေယာဉ်တွေကို နှစ်သက်သူများအတွက် အချိန်ပေးရတာတန်စေမယ့် Documentary ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့် အခုပဲကြည့်ရှုလိုက်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

ဇာတ်လမ်းအကြောင်း