Chabak - Night of Murder and Romance
"Chabak" (ကားနဲ့စခန်းချ ခရီးထွက်ခြင်း) ဆိုတာ တောင်ကိုရီးယားမှာ လူကြိုက်များတဲ့ အပန်းဖြေခရီးသွားပုံစံတစ်ခု ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ ဆူဝန်းနဲ့ မီယူ ဆိုတဲ့ ဇနီးမောင်နှံနှစ်ယောက်ဟာ သူတို့ရဲ့ ပထမဆုံး မင်္ဂလာနှစ်ပတ်လည်နေ့ကို ကျင်းပဖို့အတွက် သဘာဝအလှတရားတွေရှိတဲ့ တောင်ပေါ်ဒေသတစ်ခုဆီကို Chabak ခရီးထွက်လာခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့သွားမဲ့ တောင်ပေါ်ဒေသဟာ မကြာသေးခင်ကမှ မိန်းကလေးတစ်ယောက် ပဟေဠိဆန်ဆန် ပျောက်ဆုံးနေတဲ့ နေရာတစ်ခုဖြစ်ပြီး စိတ္တဇလူသတ်သမားတစ်ယောက်ရဲ့ လက်ချက်လို့ သတင်းတွေ ထွက်နေပါတယ်။ ခရီးမထွက်ခင်လေးမှာတင် မီယူရဲ့ အတိတ်က လျှို့ဝှက်ချက်တွေနဲ့ ပတ်သက်နေတဲ့ ရည်းစားဟောင်းက ပြန်ပေါ်လာသလို လမ်းခရီးမှာလည်း ဓာတ်ပုံဆရာဆိုတဲ့ မသင်္ကာစရာလူတစ်ယောက်နဲ့ ကြုံတွေ့ခဲ့ရပါသေးတယ်။ ဒီလို သတိပေးချက်တွေ ထူးဆန်းတဲ့အဖြစ်အပျက်တွေ ရှိနေပေမဲ့လည်း ဆူဝန်းကတော့ သူတို့ရဲ့ ဆက်ဆံရေးကို ပြန်လည်အသက်သွင်းဖို့အတွက် ဒီခရီးကို ဆက်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တောင်ပေါ်ရောက်လို့ ညဘက် ကားပေါ်မှာ ရိုမန်တစ်ဆန်ဆန် အနားယူနေကြချိန်မှာတော့ မျက်နှာဖုံးစွပ် လူသတ်သမားတစ်ယောက်က သူတို့ကို ရုတ်တရက် တိုက်ခိုက်လာပါတော့တယ်။ အဲဒီအချိန်ကစပြီး သာယာလှပတဲ့ နှစ်ပတ်လည်ညလေးဟာ ကြောက်မက်ဖွယ် သွေးထွက်သံယို အသက်လုပွဲကြီးအဖြစ်ကို ချက်ချင်း ပြောင်းလဲသွားခဲ့ချိန်မှာ ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့... ဒီကားကို အညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း