I Sell Love
Hello...သာ့ကျား ဒီတစ်ခေါက်မှာတော့ ဒါရိုက်တာKevin Chu ရဲ့ အချစ် အိမ်ထောင်ရေးနဲ့ လူမှုဘဝအခက်အခဲတွေကို အဓိကရိုက်ကူးထားတဲ့ "I.Sell.Love.2014" ဆိုတဲ့ ဟောင်ကောင် Romantic Drama ဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်နော်။ ဇာတ်လမ်းအညွှန်း “တွေ့ဆုံခြင်းက ကံတရားကြောင့်ဖြစ်ပြီး… ဆုံးရှုံးသွားရခြင်းက အကျိုးဆက်ကြောင့်ပါပဲ" တစ်ဖနီဟာ တက္ကသိုလ်တက်နေတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီး ငယ်စဉ်ကတည်းက မိခင်နဲ့ နှစ်ယောက်တည်း ရုန်းကန်ပြီး ကြီးပြင်းလာသူဖြစ်ပြီး နေ့စဉ်အသုံးစရိတ်၊ ကျောင်းစရိတ်နဲ့ ဘဝရဲ့ ငွေကြေးအခက်အခဲတွေကြောင့် ကိုယ့်ဘဝကို ကိုယ်ထောက်ပံ့ဖို့ အလုပ်မျိုးစုံလုပ်နေရသူဖြစ်ပါတယ်။တစ်နေ့မှာတော့ သူငယ်ချင်းတစ်ယောက်ရဲ့ အကြံပေးမှုကြောင့် Dating App တစ်ခုကို အသုံးပြုပြီး အဲဒီကနေတစ်ဆင့် ပိုက်ဆံယူပြီး ချိန်းတွေ့ဖော်အဖြစ် တွေ့ဆုံပေးရတဲ့လောကထဲကို ဝင်ရောက်သွားပါတယ်။အစပိုင်းမှာ တစ်ဖနီဟာ ဒီအလုပ်အပေါ် စိတ်မသက်မသာဖြစ်ခဲ့သော်လည်း ငွေကြေးလိုအပ်ချက်ကြောင့် တဖြည်းဖြည်းနဲ့ အဲဒီဘဝမှာ အသားကျလာခဲ့ပါတယ်။တစ်နေ့မှာတော့ သူ့ရဲ့ ကိုယ်စားလှယ်ဖြစ်သူက သူ့အတွက် ရွိုင်းဆိုတဲ့ရေရှည်စပွန်စာအမျိုးသားတစ်ယောက်ကို ရှာပေးခဲ့ပါတယ်။အချိန်ကြာလာတာနဲ့အမျှ သူတို့နှစ်ယောက်ကြားမှာ ပုံမှန်Sponsor–Client ဆက်ဆံရေးထက် ပိုမိုရှုပ်ထွေးတဲ့ ခံစားချက်တစ်မျိုး ပေါ်ပေါက်လာခဲ့ပါတော့တယ်။သို့သော် တစ်နေ့မှာတော့ တစ်ဖနီရဲ့ဘဝထဲကို ရက်စ်ဆိုတဲ့ လူငယ်တစ်ယောက် ဝင်ရောက်လာပြီး အရာအားလုံး ပြောင်းလဲသွားခဲ့ပါတော့တယ်။တစ်ဖနီ တစ်ယောက် “ငွေနဲ့ ဝယ်လို့ရတဲ့အရာနဲ့ တကယ့်အချစ်ဆိုတာ တူညီသလား” ဆိုတဲ့ မေးခွန်းကို ရင်ဆိုင်လာရပြီး လက်ရှိဘဝကို အဆုံးသတ်ကာ ရက်စ်နဲ့အတူ ဘဝအသစ်စတင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။သို့သော်...အဲဒီအတိတ်ကအခက်အခဲကြောင့်ပြုလုပ်ခဲ့တဲ့ မှားယွင်းတဲ့ရွေးချယ်မှုတစ်ခုကို တကယ်ပဲ ဖျောက်ဖျက်နိုင်ပါ့မလား...? အတိတ်က ရွေးချယ်မှုအမှားတွေအတွက် ဘယ်လိုပြန်ပေးဆပ်ရမလဲဆိုတာကို ဇာတ်ကားလေးနဲ့အတူ ကြည့်ရှု့လိုက်ရအောင်နော်။ ကျွန်တော်တို့ရဲ့ဘဝတစ်လျှောက်မှာ အခက်အခဲတွေနဲ့ ကြုံလာတဲ့အချိန် လွယ်ကူတဲ့လမ်းကို ရွေးချယ်မိနိုင်ပါတယ်။ ဒါပေမဲ့ ခဏတာအဆင်ပြေဖို့ ရွေးချယ်ခဲ့တဲ့လမ်းတစ်လျှောက်မှာ၊ တစ်သက်လုံးနောင်တရစရာတွေ မကျန်ခဲ့အောင် ကိုယ့်ရွေးချယ်မှုတိုင်းကိုသေချာတန်ဖိုးထားပြီး ရွေးချယ်နိုင်ပါစေနော်...။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Chii ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း